iOS 11 Beta တင်ထားသူတွေ iOS 10 public stable ကိုပြန် Restore လုပ်တဲ့ အခါ Recovery Mode မှာလည်နေတာတွေ၊ DFU Mode မှာလည်နေတာတွေ အတွက် အောက်က Software လေးနဲ့ ဖြေရှင်းလို့ ရပါပြီ။
Tenorshare ကထုတ်ကုန်တစ်ခု ဖြစ်တဲ့ Reiboot Software လေးပါ။အောက်မှာ Download ရယူနိုင်ပါတယ်။

အသုံးပြုပုံက -
၁.Download လုပ်၊ Install လုပ်ပြီး Reiboot ကို run ထားပါ။ ကွန်ပြူတာမှာ အင်တာနက်ရှိနေရန် လိုအပ်ပါတယ်။
၂.Recovery လည်နေသော၊ Boot မတက်သော ဖုန်းအားချိတ်ဆက်ပါ။
၃.Exit Recovery နှိပ်ကြည့်ပါ။ ဖုန်း Reboot ကျပါလိမ့်မယ်။ ထို့ နောက် Recovery Mode ထဲပြန်ရောက်နေလျှင် Reiboot Software မှ Fix All iOS Stuck ကို နှိပ်ပါ။
၎.iOS 11 Upgrade-Downgrade ကြောင့်ဖြစ်သော Error ဆိုလျှင် iOS 11 ကိုရွေးပေးပါ။
၅.Reiboot မှ လိုအပ်သော Firmware ကို ဒေါင်းလုပ်ဒ်ဆွဲပါလိမ့်မယ်။
၆.Download ပြီးလျှင် Reiboot ဖြင့် Restore Firmware လုပ်ပေးလိုက်ပါ။
၇.ပြီးလျှင် iTunes ဖြင့် public stable version ကို ဒေါင်းလုဒ်ဆွဲပြီး ထပ်တင်ပေးပါ။
iOS Stable Versions တွေကို ipsw ဖြင့် အောက်ပါလင့်တွင် ဒေါင်းယူနိုင်ပါတယ်။