Update

6.3 Inch Infinity Display , Dual Rear Camera တို့နဲ့ ထွက်ရှိလာပြီဖြစ်တဲ့ Samsung Galaxy Note8


  Samsung Galaxy Note ပရိတ်သတ်တွေ စောင့်မျှော်နေတဲ့ Note မျိုးဆက်သစ် Galaxy Note 8 ကို မနေ့ညက US မှာ တရားဝင်မိတ်ဆက်သွားခဲ့ပါပြီ။
                Galaxy Note 8 ကို မိတ်ဆက်ခဲ့တဲ့ Unpacked Event မှာ Samsung အနေနဲ့ ပထမဦးဆုံး Galaxy Note 7 ကြောင့် စိတ်ပျက်ခဲ့ရတဲ့ သုံးစွဲသူပရိတ်သတ်တွေကို အရင်တောင်းပန်ခဲ့ပြီး၊ Note စီးရီးကို စွဲစွဲမြဲမြဲအားပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ကြောင်း ဦးစွာပြောကြားသွားခဲ့တာကို တွေ့ရပါတယ်။
                Samsung Galaxy Note 8 မှာ ဆန်းသစ်တီထွင်မှု (Innovation) လို့ ပြောလို့ရတဲ့ Feature မပါဝင်ပေမယ့်၊ Note User တွေတော့ အကြိုက်တွေ့နေဦးမယ့် Product တစ်ခုဖြစ်ပါတယ်။
                Galaxy Note 8 မှာ S8 နဲ့ S8+ မှာ မိတ်ဆက်ခဲ့တဲ့ ဘောင်ပျောက် Infinity Display ကို ထပ်မံအသုံးပြုထားပြီး၊ ဒီဇိုင်းကတော့ Dual Camera ဖြစ်သွားတာကလွဲလို့ Galaxy S8 နဲ့ တော်တော်တူတယ်လို့ ပြောရမှာပါ။
 Fingerprint Sensor ကလည်း S8 လို ကျောကင်မရာဘေးမှာ ရှိနေတုန်းပါပဲ။ Note 8 ဟာ Samsung ဖုန်းတွေထဲမှာ ပထမဆုံး Dual Camera Setup အသုံးပြုထားတဲ့ဖုန်းလို့လည်း ပြောလို့ရပါတယ်။
၆.၃ လက်မအကျယ်ရှိတဲ့ QuadHD+ AMOLED Infinity Display ကို အသုံးပြုထားပြီး၊ Note စီးရီးထဲမှာ Display အကြီးဆုံးဖုန်းဖြစ်ပါတယ်။ Note 8 ကို Snapdragon 835 SoC ဒါမှမဟုတ် Samsung Exynos 8895 SoC မော်ဒယ်နှစ်မျိုး ထုတ်သွားမှာဖြစ်ပြီး၊ မြန်မာနိုင်ငံကို ဝင်မယ့်မော်ဒယ်ကတော့ S8 အတိုင်း Exynos မော်ဒယ်ပဲ ဖြစ်ဖို့များပါတယ်။ RAM အနေနဲ့ 6GB, Internal Storage က 64 GB ပါဝင်ပြီး၊ microSD ကတ်လည်း ထပ်စိုက်နိုင်မှာပါ။ Bluetooth 5.0, LTE Cat 16 Connectivity တွေ ပါဝင်လာမှာပါ။
                Note 8 မှာ အထူးခြားဆုံးလို့ ပြောလို့ရတဲ့ Feature တစ်ခုက Dual Rear Cameras ပါ။ Note 8 မှာ 12-megapixel ကျောကင်မရာနှစ်ခု ပါဝင်ပြီး၊ တစ်လုံးက f/1.7 Wide-Angel Lens နဲ့ နောက်တစ်လုံးက f/2.4 Telephoto Lens ဖြစ်ပါတယ်။ Telephoto Lens က OnePlus 5 အတိုင်း Optical Zoom 2x ဆွဲရိုက်နိုင်မှာပါ။  Samsung က Note 8 ဟာ ဖုန်းစျေးကွက်မှာ ပထမဆုံး Dual Camera Sensor နှစ်ခုစလုံးမှာ OIS ပါဝင်လာတဲ့ဖုန်းဖြစ်ကြောင်း၊ ပွဲမှာ ဂုဏ်ယူစွာပြောကြားခဲ့ပြီး၊ OIS နှစ်ခုအစွမ်းကြောင့် ကြည်လင်ပြတ်သားမှုအကောင်းဆုံးဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ကင်မရာမှာ တခြား Feature တွေအနေနဲ့ Samsung ရဲ့ ကိုယ်ပိုင် Portrait Mode ဖြစ်တဲ့ “Live Focus”, “Dual Capture” Mode တို့ ပါဝင်လာတာ တွေ့ရပါတယ်။ Live Focus က ကင်မရာချိန်နေတုန်းမှာ နောက်ခံ Background ဝါးတဲ့ အဆင့်ကို အတိုးအလျှော့ပြုလုပ်နိုင်သလို၊ ရိုက်ပြီးမှာတောင် Blackground Blur ကို ပြန်ချိန်နိုင်မှာဖြစ်ပါတယ်။
                Note စီးရီးရဲ့ နာမည်ကျော် S Pen အတွက်လည်း Upgrade လေးတွေ ပြုလုပ်ပေးထားပြီး၊  Display ဖွင့်စရာမလိုဘဲ စာမျက်နှာ ၁၀၀ အထိ ရေးနိုင်မယ့် Screen Off Memo Mode၊ S Pen နဲ့တင် ထောက်လိုက်တဲ့စာသားကို Translate လုပ်ပေးနိုင်မယ့် Feature စတဲ့ အသုံးဝင်မယ့်ဟာလေးတွေကို ပိုကောင်းလာအောင် Upgrade လုပ်ထားတာတွေ့ရပါတယ်။ အခု S Pen မှာ Pressure Sensitivity Level ပိုများလာသလို၊ S Pen ကလည်း IP 68 Rating နဲ့ ရေစိုခံလာနိုင်တာကို တွေ့ရပါတယ်။
                Note 8 မှာ နောက်ထပ် Feature အသစ်တွေအနေနဲ့ Message တွေမှာ Animated Drawings တွေ ထည့်သွင်းနိုင်မယ့် Live Messages နဲ့ Split Screen သုံးချင်တဲ့ Apps နှစ်ခုကို တပြိုင်တည်းတွဲဖွင့်နိုင်မယ့် Feature တွေလည်း ပါဝင်လာပါတယ်။ ဒီ Live Messages တွေကို GIF အနေနဲ့ သိမ်းထားမှာဖြစ်တာကြောင့်၊ တခြား Apps တွေ Social Media တွေမှာလည်း ပြန်တင်နိုင်ဖွယ်ရှိပါတယ်။
Note 8 ကော S Pen ပါ IP68 Rating နဲ့ဖြစ်ပြီး၊ Wireless Charging, NFC, USB Type-C စတဲ့ High-End Feature တွေ အကုန်ပါဝင်မှာပါ။
                Software အနေနဲ့ Android 7.1.1 အသုံးပြုထားပြီး၊ S8 အတိုင်း Note 8 မှာလည်း Samsung DeX နဲ့လည်း Desktop Mode အဖြစ် ပြောင်းလဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။
                Samsung Galaxy Note 8 ကို Midnight Black, Maple Gold, Orchid Grey နဲ့ Deep Sea Blue ဆိုပြီး အရောင်လေးမျိုး ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ကာ၊ တစ်ချို့စျေးကွက်တွေမှာ ဒီနေ့ (ကြာပတေးနေ့) ကနေ စတင် Pre-Order မှာယူနိုင်ပြီလို့ သိရပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့မှာ Shipping စတင်မှာဖြစ်ပြီး၊ စျေးနှုန်းကတော့ AT&T မှာ ၉၃၀ ဒေါ်လာတန်ဖိုးနဲ့ Verizon မှာ 960 ဒေါ်လာလောက် ရှိပါတယ်။ 














Credit _ TechX

Android 8.0 Oreo ရရှိနိုင်မယ့် ဖုန်း model များ...


Android 8.0 Oreo ရရှိနိုင်မယ့် ဖုန်း model များဖြစ်ပါတယ်... ရင်ခုန်စိတ်လှုပ်စားစွာစောင့်မျှော်နိုင်ဖို့
ဖော်ပြပေးလိုက်ပါတယ်။

1. Google
Google Pixel
Google Pixel XL
Google Pixel 2
Google Pixel C
Google Nexus Player

2. Samsung
Samsung Galaxy S8(G950F, G950W)
Samsung Galaxy Note 8 (Upcoming)
Samsung Galaxy S8 Plus(G955,G955FD)
Samsung Galaxy S7 Edge(G935F, G935FD, G935W8)
Samsung Galaxy S7(G930FD, G930F, G930, G930W8)
Samsung Galaxy A3( 2017)(A320F)
Samsung Galaxy A5( 2017)(A520F)
Samsung Galaxy A7 ( 2017)(A720F, A720DS)
Samsung Galaxy A8 ( 2017)(A810F, A810DS)
Samsung Galaxy C9 Pro
Samsung Galaxy J7v
Samsung Galaxy J7 Max (2017)
Samsung Galaxy J7 Pro(2017)
Samsung Galaxy J7 Prime(G610F, G610DS, G610M/DS)
Samsung Galaxy A9 (2016)(SM-A9100)
Samsung Galaxy A7 (2016)(A710F, A710DS)
Samsung Galaxy A5 (2016)(A510F, A510F)
Samsung Galaxy A8 (2016)(A810F, A810DS)
Samsung Galaxy Note FE

4. Nokia
Nokia 3
Nokia 5
Nokia 6

5. Vivo
VIVO X9 Plus
VIVO X9

6. OPPO
OPPO F3 Plus
OPPO R11
OPPO R11 Plus
OPPO Find 9

7. Xiaomi
Xiaomi Mi 6
Xiaomi Redmi Note 5 (Upcoming)
Xiaomi Redmi Pro 2 (Upcoming)
Xiaomi Mi 5s
Xiaomi Redmi Note 4
Xiaomi Mi Max
Xiaomi Mi Max 2
Xiaomi Mi 5s Plus
Xiaomi Mi Note 2
Xiaomi Mi Mix
Xiaomi Mi 5X
Xiaomi Redmi 5a

8. OnePlus
OnePlus 5
OnePlus 3T
OnePlus 3

9. LG
LG G6 (H870, H870DS, US987, All carrier models supported as well)
LG G5 (H850, H858, US996, H860N, All carrier models supported as well)
LG V30 (Upcoming)
LG V20(H990DS, H990N, US996, All carrier models supported as well)
LG V10(H960, H960A, H960AR)
LG Nexus 5X (Developer Preview available to download)
LG Q8
LG Q6
LG X Venture
LG Pad IV 8.0

10. Motorola
Moto G5 Plus( XT1684, XT1685, XT1687)
Moto G5 (All Models)
Moto G4 Plus( All models)
Moto G4 (All models)
Moto Z( XT1635-03)
Moto Z2 Play
Moto Z Play
Moto Z Style
Moto Z Force

11. Huawei 
Huawei P10 (VTR-L09, VTRL29, VTR-AL00, VTR-TL00)
Huawei P10 lite (Lx1, Lx2, Lx3)
Huawei Honor 9 (AL00, AL10, TL10)
Huawei P8 Lite 2017 (Huawei P9 Lite (2017), Huawei Honor 8 Lite, Huawei Nova Lite, Huawei GR3 (2017)
Huawei Y7 Prime (Controversial)
Huawei Nova 2(PIC-AL00)
Huawei Nova 2 Plus(BAC-AL00)
Huawei Honor 8 Pro
Huawei P10 Plus
Huawei Mate 9 Porsche Design
Huawei Mate 9
Huawei Mate 9 Pro
Huawei Nexus 6P

12. Asus
Asus ZenFone 4 (ZE554KL)
Asus ZenFone Pro (ZS551KL)
Asus ZenFone 4 Max (ZC520KL)
Asus ZenFone 4 Max Pro (ZC554KL)
Asus ZenFone 4 Selfie (ZD553KL)
Asus ZenFone 4 Selfie Pro (ZD552KL)
Asus Zenpad Z8s (ZT582KL)
Asus Zenfone Go(ZB552KL)
Asus Zenfone Live(ZB501KL)
Asus Zenfone 3s Max
Asus Zenfone AR
Asus Zenfone 3 Zoom
Asus Zenfone 3 Max
Asus Zenfone 3 Deluxe 5.5
Asus Zenfone 3 Laser
Asus Zenfone 3
Asus Zenfone 3 Ultra
Asus ZenPad Z8s
Asus ZenPad 3s 8.0
Asus ZenPad 3s 10
Asus ZenPad Z10

13. Lenovo
Lenovo Zuk Edge
Lenovo P2 (Controversial)
Lenovo K6 (Controversial)
Lenovo K6 Note
Lenovo K6 Power
Lenovo Zuk Z2 (Controversial)
Lenovo Zuk Z2 Plus (Controversial)
Lenovo Zuk Z2 Pro
Lenovo A6600 Plus (Controversial)

14. Sony 
Sony Xperia XZ Premium (G8141, G8142)
Sony Xperia L1 (G3311, G3312, G3313)(Controversial)
Sony Xperia XZS (G8231, G8232)
Sony Xperia XA1 (G3121, G3123, G3125, G3116, G3123)
Sony Xperia XZ (F8331, F8332)
Sony Xperia XA1 Ultra (G3221, G3212, G3223, G3226)
Sony Xperia XA Ultra (Controversial)
Sony Xperia XA (Controversial)
Sony Xperia XA Ultra
Sony Xperia XA
Sony Xperia X Performance
Sony Xperia Z5 Premium (Controversial)
Sony Xperia Z5 (Controversial)
Sony Xperia X (F5121, F5122)
Sony Xperia X Compact
Sony Xperia E5 (Controversial)

15. HTC
HTC U11
HTC U Ultra
HTC U Play
HTC Desire 10 Pro
HTC Desire 10 Lifestyle
HTC 10 Evo
HTC 10

16. ZTE
ZTE Axon 7
ZTE Axon 7 Mini
ZTE Blade V8
ZTE Blade V7
ZTE Axon Pro
ZTE Axon 7s
ZTE Nubia Z17
ZTE Max XL
ZTE Axon Elite
ZTE Axon Mini

17. BlackBerry
Blackberry KEYone
Blackberry Aurora
Blackberry DTEK50
Blackberry DTEK60

#MasterCho
#ServiceMaster

What is One Plus?


One Plus ဆိုတဲ့ နာမည်ကို ကြားဖူးတဲ့သူလည်း ရှိမှာဖြစ်သလို မကြားဖူးသေးတဲ့သူတွေလည်း ရှိလောက်မှာပါ။ အခုလောလောဆယ် မြန်မာနိုင်ငံဈေးကွက်ထဲမှာ One Plus 3, One Plus 3T စတဲ့ဖုန်းတွေကို ဝယ်ယူရရှိနိုင်နေပြီဖြစ်တဲ့အတွက် One Plus ဆိုတာဘာလဲ ဆိုတာကို အနည်းငယ်မိတ်ဆက်သွားချင်ပါတယ်။

One Plus Company ကို ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၁၃ မှာ Oppo ရဲ့ Vice President ဟောင်း Pete Lau နဲ့ Carl Pei တို့က စတင်တည်ထောင်ခဲ့ကြတာဖြစ်ပါတယ်။ အစပိုင်းမှာ Oppo ရဲ့ လက်အောက်ခံမဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ One Plus Company က Oppo ကပိုင်ဆိုင်တဲ့ Company တစ်ခုလို့ ဝန်ခံခဲ့ပါတယ်။

Oppo ပိုင်ဆိုင်တယ်ဆိုပေမယ့် User Interface, Specifications တွေအကုန် Oppo ဖုန်းတွေနဲ့ မတူညီပဲ One Plus ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ High End Quality & Specs တွေပါတဲ့ Devices တွေကို အခြား Brand တွေထက် ဈေးပိုသက်သာအောင် ရောင်းချနိုင်ဖို့ပဲ အဓိကအာရုံစိုက်ထားတာပါ။ အပိုတွေလို့ပြောလို့ရတဲ့ မလိုအပ်တဲ့ Beauty Filter လို Software တွေမပါပဲ OS ကလည်း အသုံးပြုသူတွေအတွက် နေ့တိုင်းအသုံးပြုမှုတွေမှာ အဆင်ပြေအောင်ပဲ User Experience ကို အကောင်းဆုံး ဦးစားပေးဆောင်ရွက်တာပါ။ အဲ့ဒါကြောင့်လည်း Company ရဲ့ Motto ကို Never Settle ဆိုပြီး သတ်မှတ်ခဲ့တာပါ။

အစပိုင်းမှာ Cyanogen Inc. နဲ့ Exclusive Licensing ရယူပြီး One Plus ရဲ့ အစပိုင်းဖုန်းတွေမှာ Cyanogen Mod ROM တွေပါဝင်ခဲ့သလို နောက်ပိုင်း One Plus ရဲ့ ကိုယ်ပိုင် OS တွေဖြစ်လာတဲ့ Oxygen & Hydrogen OS ကလည်း Cyanogen Mod ကို အခြေခံထားတယ်လို့တောင် ပြောလို့ရပါတယ်။

One Plus ရဲ့ ပထမဆုံးဖုန်းအနေနဲ့ One Plus One ကို April 22nd, 2014 မှာ စတင်ထုတ်လုပ်ခဲ့ပြီး "Flagship Killer" ဆိုတဲ့ နာမည်ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ One Plus One က Qualcomm Snapdragon 801 သုံးထားတဲ့ဖုန်းဖြစ်ပြီး ဖုန်းဒီဇိုင်း၊ Quality ပိုင်းအရ အခြားပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်နိုင်ခဲ့ပြီး ဈေးအရလည်း များစွာသက်သာတဲ့အတွက် လူစိတ်ဝင်စားမှု အမြောက်အများရရှိခဲ့ပြီး US, UK နဲ့ အနောက်နိုင်ငံတွေမှာပါ Invite System နဲ့ ရောင်းချတဲ့အတွက် One Plus Brand ကို စတင်ပြီး သတိထားမိလာစေခဲ့ပါတယ်။

နောက်ပိုင်း One Plus 2 ကိုတော့ နောက်နှစ် July 27, 2015 မှာ ထုတ်လုပ်ခဲ့ပြီး Qualcomm ရဲ့ နာမည်ဆိုးရခဲ့တဲ့ Snapdragon 810 Chipset ကို အသုံးပြုခဲ့ပြီး USB Type C ကို ပထမဆုံးစတင်အသုံးပြုခဲ့တဲ့ဖုန်းတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းလုံးမှာ 2015 ရဲ့ Flagship Killer ဆိုပြီး နာမည်တွင်ခဲ့တဲ့အထိ အောင်မြင်ခဲ့တဲ့ဖုန်းတစ်ခုဖြစ်ခဲ့ပါတယ်။ Invite System ကို ဆက်လက်သုံးနေပေမယ့် ယခင် One Plus One ထက်တော့ ပိုပြီးလွယ်ကူလာခဲ့ပါတယ်။

2016 June 14 ရက်မှာတော့ High End Specifications တွေနဲ့ Flagship Killer ဖုန်းတွေထုတ်နေရာကနေ One Plus X ဆိုပြီး Mid Range ဖုန်းတစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ ထူးခြားချက်အနေနဲ့ One Plus One တုန်းက သုံးခဲ့တဲ့ Specification တွေကိုပဲ သုံးထားပြီး One Plus ဖုန်းတွေထဲမှာ ပထမဆုံး Creamic Body နဲ့ AMOLED သုံးခဲ့တဲ့ဖုန်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အောင်မြင်မှုမရခဲ့ပဲ One Plus ကိုယ်တိုင်က One Plus X ရဲ့ နောက် Generation ရှိလာမှာမဟုတ်ဘူးလို့တောင် ကြေငြာခဲ့ရပါတယ်။


One Plus ရဲ့ အောင်မြင်မှုတွေကို One Plus 3 ဖုန်းနဲ့ ပြန်လည်ယူဆောင်လာနိုင်ခဲ့ပြီး ပြိုင်ဘက် Xiaomi ရဲ့ Xiaomi Mi5 ဖုန်းကြေငြာပြီး လအနည်းငယ်အကြာ June 14, 2016 မှာ စတင်ဈေးကွက်ကို ချပြခဲ့ပါတယ်။ Qualcomm 820 CPU, Metal Design Body တွေပါဝင်ပြီး Mainstream ဖုန်းတွေထဲမှာ RAM 6GB အသုံးပြုထားတဲ့ ဖုန်းတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။

One Plus 3 ကြေငြာပြီး ခြောက်လအကြာ November 15, 2016 မှာ CPU, Battery ကို အနည်းငယ်အဆင့်မြှင့်ထားတဲ့ One Plus 3 နဲ့ Design အတူတူဖြစ်တဲ့ One Plus 3T ကို မိတ်ဆက်ခဲ့ပါတယ်။ Gunmetal အရောင်ကို အသစ်မိတ်ဆက်ခဲ့ပြီး နောက်ပိုင်းမှာ Midnight Black ဆိုပြီး အမည်းရောင်ကိုပါ ထုတ်လုပ်ခဲ့ပါတယ်။ One Plus 3T Smartphone က အခုအချိန်ထိ အကောင်းဆုံးဖုန်းတွေထဲမှာ ပါဝင်နေပြီး ဝယ်ယူဖို့အကောင်းဆုံးဖုန်းအဖြစ် Recommend အပေးခံနေရတဲ့ ဖုန်းတစ်လုံးဖြစ်နေဆဲပါ။

One Plus ကို ဘာကြောင့် Recommend ပေးကြသလဲ? အဓိကကတော့ User Experience ကြောင့်ပါ။ Stock Android ပုံစံ ရိုးရိုးရှင်းရှင်းနဲ့ အသုံးပြုနိုင်ပြီး အခြားဖုန်းတွေလို UI ကို Heavy Tweak တွေမလုပ်ထားတာက တကယ်အသုံးပြုတဲ့အချိန်မှာ လျှင်မြန်ပြီး ပေါ့ပါးနေစေပါတယ်။ နောက်တစ်ခုက Oppo ရဲ့ VOOC Charging ကို Adopt လုပ်ထားတဲ့ Dash Charging ပါ။ လက်ရှိအချိန်အထိ အမြန်ဆုံး Charging Method တစ်ခုဖြစ်ပြီး အားသွင်းတဲ့အချိန်မှာ ဖုန်းမပူတာ၊ အားသွင်းနေတုန်း ဖုန်းသုံးနေလည်း အားသွင်းနှေးမသွားတာတွေက One Plus ရဲ့ ထင်ရှားတဲ့ အားသာချက်တွေပါ။

နောက်မပါမဖြစ်ကတော့ Never Sette ဆိုတဲ့အတိုင်း One Plus က သူ့နဂို OS ပဲသုံးနေရင်တောင် Update အရမ်းမြန်ပါတယ်။ Google ရဲ့ Nexus, Pixel ဖုန်းတွေပြီးရင် One Plus က အရင်ဆုံး Update ရနေကြဖြစ်သလို နဂိုပါတဲ့ OS ကို မသုံးချင်ဘူးဆိုရင်လည်း များစွာသော Custom ROM တွေကို ပြောင်းလဲနိုင်ပါတယ်။ Root လုပ်လို့၊ ROM change လို့ Warranty မပျက်တဲ့ဖုန်းတွေထဲမှာ One Plus က တစ်ခုအပါအဝင်ပါ။

မကြာခင်မှာ One Plus 5 ဆိုပြီး နောက်ထပ် ၆ခု မြောက် Flagship Killer ဖုန်းတစ်လုံးကို ကြေငြာဖို့လည်းရှိပြန်တော့ အဲ့ဒီတော့မှပဲ ဒီနှစ်ရဲ့ Flagship Killer အကြောင်း Review နဲ့ အတူ One Plus အကြောင်းကိုပြန်ဆက်ပါတော့မယ်။

OnePlus 5 စမတ်ဖုန်း ဂျွန်လတွင် ထွက်ရှိမည်ဟု သတင်းပေါက်ကြား...


(Zawgyi)



(Unicode)
OnePlus စမတ်ဖုန်းစီးရီးများဟာ အခုနောက်ပိုင်းမှာ လူသိပိုမိုများပြားလာပြီး လက်ရှိမှာ OnePlus 3T စမတ်ဖုန်းဟာ OnePlus စီးရီးများထဲက အောင်မြင်မှုအရှိဆုံး စမတ်ဖုန်းတစ်လုံးလဲ ဖြစ်ပါတယ်။ မကြာမှီကာလမှာ OnePlus 5 စမတ်ဖုန်း ထွက်ရှိမယ်လို့ OnePlus ရဲ့ အမှုဆောင်အရာရှိချုပ် Pete Lau က ပြောလိုက်ပါတယ်။ ဒါပေမယ့် ဘယ်အချိန် ဘယ်လထွက်ရှိမယ်လို့ အတိအကျပြောခဲ့တာ မဟုတ်ဘဲ နွေရာသီမကုန်ခင် ထွက်ရှိမယ်လို့ ပြောလိုက်တာ ဖြစ်ပါတယ်။

ဒါကြောင့် ခန့်မှန်းချက်များအရ OnePlus 5 ဟာ ဂျွန်လအတွင်းမှာ ထွက်ရှိနိုင်ဖွယ်ရှိပြီး OnePlus 4 ဆိုတဲ့ နာမည်နဲ့ မထုတ်ဘဲ OnePlus 3စီးရီးမှ OnePlus 5 စီးရီးသို့ ကျော်ပြီး ထုတ်မှာ ဖြစ်ပါတယ်။ Storage အနေနဲ့ 64GB သို့မဟုတ် 128 GB သိုလှောင်မှုပမာဏရှိမှာ ဖြစ်ပြီး CPU အနေနဲ့ Snapdragon 835 SoC တပ်ဆင်ပေးထားမှာ ဖြစ်ပါတယ်။ RAM အနေနဲ့ 6GB သို့မဟုတ် 8GB အနေနဲ့ထွက်ရှိလာဖွယ် ရှိပါတယ်။ Rear camera အနေနဲ့ 23 MP ထည့်သွင်းပေးမှာ ဖြစ်ပြီး လက်ရှိမှာတော့ ကင်မရာက ဒီထက်ပိုကောင်းလာနိုင်တယ်လို့ သတင်းတွေ ထွက်ရှိနေပါတယ်။

မျက်နှာပြင်အနေနဲ့ Dual-Edge curved display ဖြစ်တဲ့အတွက် မျက်နှာပြင်နှစ်ဖက်လုံးဟာ ခုံးနေမှာ ဖြစ်ပါတယ်။ လက်ဗွေရာစနစ်ကိုလည်း မျက်နှာပြင်ဘက်မှာ ထည့်သွင်းတပ်ဆင်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီထက်ပိုတိကျတဲ့ သတင်းကိုတော့ OnePlus 5 ထွက်ရှိမယ့် အချိန်နီးမှ ထပ်မံတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

အသစ်ထွက်ရှိလာတော့မယ့် Xiaomi ရဲ့ MIUI 9

Xiaomi ဟာ ဘတ်ဂျက်ဖုန်းတွေ ထုတ်လုပ်ရာမှာ အကောင်းဆုံးကုမ္ပဏီတစ်ခုဖြစ်ပြီး လက်ရှိမှာ Xiaomi ရဲ့ ဖုန်းတွေကို MIUI ဗားရှင်း 8 နဲ့အထောက်အပံ့ပေးထားပါတယ်။ မကြာမှီအချိန်အတွင်းမှာ Xiaomi ကနေပြီး MIUI 9 Update ကို ထုတ်ပေးသွားမှာ ဖြစ်ပြီး Android version 7 ဖြစ်တဲ့ Nougat အပေါ် အခြေခံထားမှာ ဖြစ်ပါတယ်။ အဆိုပါ MIUI 9 Update ကိုတော့ Xiaomi ရဲ့ ဖုန်းတိုင်းရရှိမှာတော့ မဟုတ်ပါဘူး။ နောက်ပိုင်းထွက်တဲ့ ဖုန်းတိုင်းနီးပါးတော့ support ပေးသွားမှာဖြစ်ပြီး ဟိုးအရင်တုန်းကထွက်ရှိခဲ့တဲ့ ဖုန်းတွေကတော့ ရရှိမှာ မဟုတ်ပါဘူး။
Mi series ထဲကဆိုရင် Mi4, Mi5, Mi5s, Mi5s Plus, Mi Note 2, Mi Max နဲ့ Mi Mix တို့က update ကို ရရှိမှာဖြစ်ပြီး စိတ်မကောင်းစရာကတော့ Mi3 နဲ့ Mi Note တို့ကတော့ MIUI 9 Update ကို ရရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် MIUI 8 နဲ့ဘဲ ကျေနပ်လိုက်ရမှာ ဖြစ်ပါတယ်။
Redmi series ထဲကဆိုရင် Redmi Note4, Redmi Note 3, Redmi Note2, Redmi 4, Redmi 4 Prime, Redmi 4A, Redmi 3s, Redmi 3 Prime တို့ကတော့ MIUI 9 Update ကို ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Redmi Note, Redmi Note 4G, Redmi 2, Redmi 2 Prime နဲ့ Redmi 1s တို့ကတော့ update ရရှိမှာ မဟုတ်ပါဘူး။
Update ရရှိမယ့်ဖုန်းတွေ MIUI 9 ကို update လုပ်လိုက်တဲ့အခါ တစ်ချိန်ထဲမှာဘဲ Android version 7 ဖြစ်တဲ့ Nougat ဖြစ်သွားပါလိမ့်မယ်။ မကြာခင်ကာလမှာ Xiaomi မှ MIUI 9 ကို ထုတ်ပေးတော့မှာ ဖြစ်ပါတယ်။

Xiaomi မှ အဆင့်မြင့် Flagship ဖုန်းတစ်လုံးဖြစ်တဲ့ Mi6 မိတ်ဆက်....


Xiaomi မှ အဆင့်မြင့် Flagship ဖုန်းတစ်လုံးဖြစ်တဲ့ Mi6 ကို မိတ်ဆက်ပြသလိုက်ပြီဖြစ်ပါတယ်။
Mi6 သည် Snapdragon ရဲ့ နောက်ဆုံးထွက် အဆင့်မြင့် Processor တစ်ခုဖြစ်တဲ့ 10nm 835 chipset (Octa-core, max 2.45GHz) ကို အသုံးပြုထားတဲ့ တတိယမြောက် ဖုန်း Brand တစ်ခုလည်း ဖြစ်လာပါတယ်။
GPU အနေနဲ့က Kryo 280 microarchitecture နည်းပညာအသစ်ကိုသုံးထားတဲ့ Andreno 540 GPU ကို အသုံးပြုထားခြင်းက Gamer တွေ ရင်ခုန်ရမယ့်အချက်တစ်ခုဖြစ်နေပါတယ်။
ကျောဘက်တွင် Camera ၂လုံးကို ထည့်သွင်းပေးထားပြီး တစ်လုံးက 4-axis OIS stabilization ပါတဲ့ 12MP Wide Angle Lens ဖြစ်ပြီး နောက်တစ်လုံးကတော့ 12MP Telephoto Lens ဖြစ်ပါတယ်။ Dual Camera အားသာချက်ကတော့ Optical Zoom ကို 2X ထိချဲ့လို့ရပြီး Background Blur ဖြစ်အောင်ရိုက်လို့ရမယ့် Portrait Photo mode လည်း ပါဝင်လာပါတယ်။ ၄င်းအပြင် Natural color correction နဲ့ Smart beautify လိုမျိုး function တွေပါပါဝင်လာလို့ ရိုက်လိုက်တဲ့ပုံတိုင်းက သဘာဝအတိုင်း လှပနေမှာဖြစ်ပါတယ်။
Splash resistant ဖြစ်လို့ ရေစိုခံနိုင်လာပါပြီ။ Dual Stereo Speaker ကိုလည်း ထည့်သွင်းပေးထားပြီး နားကြပ်ပေါက်မပါရှိတော့သောကြောင့် Type-C port မှတစ်ဆင့် သီချင်းနားထောင်ရပါမယ်။ Ultra-glass fingerprint sensor ကို အသုံးပြုထားပြီး Dual Wifi နည်းပညာအသစ်ကိုထည့်သွင်းပေးထားလို့ wifi လိုင်းဆွဲအားပိုမိုကောင်းမွန် မြန်ဆန်စေမှာဖြစ်ပါတယ်။
အနားလေးထောင့်လုံး လုံးဝန်းလှပတဲ့ 3D Curved Glass Body နှင့် 18-karat gold camera rims နဲ့တွဲဖက်ထားတဲ့ Ceramic Body ဆိုပြီး ၂မျိုးထုတ်ထားပြီး ကိုယ်ထည်ဘောင် frame ကို Stainless Steel ဖြင့်ပြုလုပ်ထားလို့ ခိုင်ခံ့မှုအပြည့်ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။
မျက်လုံးထိခိုက်မှုဖြစ်စေတဲ့ Blue rays ထွက်ရှိမှုကို လျှော့ချပေးနိုင်ပြီး နေအလင်းရောင်ထဲ ကြည်လင်တောက်ပစွာကြည့်လို့ရမယ့် Sunlight Display ကိုအသုံးပြုထားပါတယ်။ Screen brightness ကိုလည်း 1nit ထိ လျှော့ချပေးနိုင်လို့ ညဘက် ဖုန်းသုံးတဲ့အချိန်တွေမှာ ပိုမိုအဆင်ပြေလာပါပြီ။
Battery ကိုလည်း 3350mAh အသုံးပြုပေးထားလို့ တခြား screen အရွယ်အစားတူဖုန်းများထက် Ampere ပိုတောင့်တဲ့ battery ကို ပိုင်ဆိုင်ထားပါတယ်။
Antutu Benchmark အနေနဲ့လည်း Galaxy S8 ထက်ပိုများတဲ့ ရမှတ် 184292 ထိ ရရှိထားတဲ့ Mi6 ကို အဖြူ၊ အပြာ၊ အမဲရောင်အပြင် Silver Edition ကိုပါ ထုတ်လုပ် ရောင်းချသွားမှာဖြစ်ပါတယ်။
(မြန်မာပြည်ကိုတော့ အရောင်စုံရောက်/မရောက် မသေချာပါဘူး)
ဈေးနှုန်းအနေနဲ့ကတော့ Store ရောင်းဈေး 6GB/64GB ကို မြန်မာငွေ ၅သိန်းဝန်းကျင်၊ 6GB/128GB ကို မြန်မာငွေ ၅သိန်း၈သောင်းဝန်းကျင်၊ 6GB/128GB Ceramic Body ကို ၆သိန်းဝင်းကျင် ရှိပါမယ်တဲ့။

>>> Store ရောင်းဈေးတွေဖြစ်ပါတယ်။ <<<

Samsung Galaxy S8 launcher ကို S7 နဲ့ S7 edge မှာ အသုံးပြုမယ်


အားလုံးစောင့်မျှော်နေတဲ့ Samsung ရဲ့ 2017 flagship စမတ်ဖုန်းအသစ် Galaxy S8 ကတော့ တစ်ကမ္ဘာလုံးက ပရိသတ်တွေ ရှေ့မှောက်ကို ရောက်ရှိလို့နေပါပြီ။ ဒီစမတ်ဖုန်းမှာ သစ်လွင်ပြီးလှပတဲ့ launcher အသစ်ပါဝင်လာတာကိုလည်း အားလုံး သိပြီးကြပြီဖြစ်ပါတယ်။
ဒီ launcher အသစ်ဟာ Galaxy S8 နဲ့အတူ ပါဝင်လာတာဖြစ်တဲ့အတွက် Galaxy S7 နဲ့ S7 edge အသုံးပြုသူတွေက ဒီ launcher အသစ်ကို ထည့်သွင်း အသုံးပြုလို့မရနိုင်ပါဘူး။ Samsung အနေနဲ့ တစ်ချိန်ချိန်မှာတော့ S7 ရဲ့ home screen app တွေကို update ပြုလုပ်ပေးနိုင်ချေရှိပေမယ့် အခုအချိန်မှာတော့ အချိန်အကန့်အသတ်မရှိ စောင့်ဆိုင်းရဦးမှာပါ။
Galaxy S8 ကို ဝယ်ယူဖို့ အဆင်မပြေသေးတဲ့ Samsung ပရိသတ်တွေအနေနဲ့ကလည်း လက်ရှိအသုံးပြုနေတဲ့ Galaxy S7 နဲ့ S7 edge တို့မှာ S8 ရဲ့ launcher ကို ထည့်သွင်းအသုံးပြုချင်နေကြမှာသေချာပါတယ်။ ဒါကြောင့် မိမိ လက်ရှိအသုံးပြုနေတဲ့ S7 နဲ့ S7 edge တို့မှာ S8 နဲ့ S8+ တို့ရဲ့ launcher အသစ်ကို ထည့်သွင်းအသုံးပြုနိုင်စေမယ့် နည်းလမ်းကို ဖော်ပြပေးလိုက်ပါတယ်။
ပြုလုပ်ရမယ့် နည်းလမ်းလေးကတော့ ရိုးရှင်းပါတယ် Touch Wiz ဆိုတဲ့ app လေးကို Download ချလိုက်ရုံပါပဲ။
Download ရယူပြီးရင်ပြုလုပ်ရမယ့် နည်းလမ်းအဆင့်ဆင့်ကတော့
ပထမဆုံး Unknown sources ကို enabled ပြုလုပ်ထားပါ။
Setting > Lock screen and security . Unknown sources (on) > OK
ပြီးရင် File Manager App (Solid Explorer က အသင့်တော်ဆုံး) ကိုဖွင့်ပြီး download ချထားတဲ့ folder ထဲက app ကိုဖွင့်ပြီး instalူ လုပ်ပါ။
Install လုပ်ပြီးပါက အောက်မှာပြထားတဲ့အဆင့်ဆင့်လုပ်ပါ။
Settings > Applications > 3-dot menu > Default applications > Home screen > TouchWiz home
ဒါဆိုရင်တော့ သင့်ရဲ့ ဖုန်းကို Galaxy S8 launcher နဲ့ အလှဆင်ပြီးပြီဖြစ်ပါတယ်။
Ref: Phandroid

ကွဲသွားတဲ့ Smartphone Display ကို အလိုအလျှောက် ပြန်ဆက်ပေးမယ့် နည်းပညာ


စမတ်ဖုန်း လွတ်ကျလို့ Display ကွဲသွားခြင်း၊ ခြစ်ရာများထင်သွားခြင်းများ ဖြစ်ရင် Display ကို လဲလှယ် ရမှာ ဖြစ်ပါတယ်။ အခုတော့ ကယ်လီိဖိုးနီးယားမှ ဓါတုဗေဒ ပညာရှင်များက ကွဲသွားတဲ့ Smartphone Display ကို အလိုအလျှောက် ပြန်ဆက်ပေးမယ့် ဒြပ်ထုတစ်ခုကို တီထွင်လိုက်ပါတယ်။ အဲဒီ စမတ်ဖုန်း မျက်နှာပြင် ဒြပ်ထုဟာ ခြစ်ရာများကိုလည်း အလိုအလျှောက် ကုစားနိုင်ပါတယ်။
အဲဒီ ဒြပ်ထုကို နှစ်ပိုင်းခွဲဖြတ်လိုက်တဲ့ အခါမှာ ၂၄ နာရီအတွင်း အလိုအလျှောက် ပြန်ဆက်သွားတယ်လို့ အဲဒီသုတေသနကို ပြုလုပ်သူများထဲမှ ခေါင်းဆောင်ဖြစ်သူ ဓါတုဗေဒပညာရှင် Chao Wang က Business Insider ကို ပြောပါတယ်။ အဲဒီ ဒြပ်ထုကို ပိုလီမာနဲ့ Ionic Salt ဖြင့် ပေါင်းစပ် ဖန်တီးထားတာ ဖြစ်ပါတယ်။
အဲဒီ ဒြပ်ထုမှာ Ions နဲ့ Polar Molecules တို့ ပေါင်းစပ်ဓါတ်ပြုတဲ့ Ion-Dipole ဖြစ်စဉ် ဖြစ်ပေါ်ပြီး ကွဲအက်သွားတဲ့ အခါမှာ Ions နဲ့ Molecules တို့ဟာ အချင်းချင်း စွဲဆောင်ကြခြင်းဖြင့် ပြန်ဆက်ပေးတာ ဖြစ်ပါတယ်။ ဒီလို ကွဲအက်သွားတဲ့ စမတ်ဖုန်း မျက်နှာပြင်ကို အလိုအလျှောက် ပြန်ဆက်ပေးတဲ့ ဒြပ်ထုကို တီထွင်နိုင်တာ ဒါဟာ ပထမဆုံး ဖြစ်ပါတယ်။ အဲဒီ ဒြပ်ထုကို စမတ်ဖုန်း မျက်နှာပြင်များအတွက် အသုံးပြုဖို့ အဓိက အသုံးဝင်မယ်လို့ Wang က ပြောပါတယ်။
LG က ခြစ်ရာများကို အလိုအလျှောက် ကုစားနိုင်တဲ့ အနောက် ကာဗာ တပ်ဆင်ထားတဲ့ G Flex စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချပေးထားပါတယ်။ ဒါပေမယ့် ကွဲအက်သွားတဲ့ မျက်နှာပြင်ကို ပြန်လည် ကုစားနိုင်တဲ့ စမတ်ဖုန်းကိုတော့ တီထွင်နိုင်ခြင်း မရှိသေးပါဘူး။

ref : sciencealert

Google ကတရားဝင်မိတ်ဆက်လိုက်ပီဖြစ်တဲ့ Android O...


Android O ကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်တဲ့ Google
=====================
ကိုယ်တွေ Android Marshmallow လေး သုံးကောင်းနေတုန်း၊ Android 7.1.2 Nougat Beta ဗားရှင်းလေး ထွက်တာတောင် ရက်ပိုင်းပဲရှိတုန်းမှာပဲ Google က Android O (Android 8) ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။
Developer Preview အနေနဲ့ စတင်ထွက်ရှိလာတဲ့ Android O ဟာ ထုံးစံအတိုင်း အင်္ဂလိပ်အက္ခရာအစဉ်အတိုင်းပဲ ပေးထားတာဖြစ်ပြီး၊ Code Name အတိအကျကိုတော့ မပေးရသေးပါဘူး။ Android OS တွေ ထုံးစံအတိုင်း အချိုမုန့်နာမည်တွေပဲပေးနေကြဆိုတော့ ဝိုင်းပြီး နာမည်လေးခန့်မှန်းပေးကြပါဦး။
Android 8 ဖြစ်တဲ့ Android O ဟာ လောလောဆည် Developer Preview သာဖြစ်တာကြောင့်၊ ဘာ Features အသစ်တွေ ပါဝင်လာလဲဆိုတာ အစုံမသိရသေးပေဘဲ၊ Google I/O 2017 ပွဲကျမှ အပြည့်အစုံ ကြေငြာဖွယ်ရှိပါတယ်။
လောလောဆည် Developer Preview မှာ ပါဝင်လာတဲ့ Feature အသစ်တွေထဲမှာ အထူးခြားဆုံးနဲ့ အကြီးမားဆုံးပြောင်းလဲမှုကတော့ “Background Limits” ပါ။
Background Limits မှာ Background မှာ Run နေတဲ့ Apps တွေကို ထိန်းချုပ်နိုင်ခွင့်ရှိလာမှာဖြစ်ပါတယ်။ ဥပမာ - Background မှာ Run နေတဲ့ Apps တွေအနေနဲ့ Locating Updates တွေ မလုပ်နိုင်အောင် လုပ်ထားနိုင်မှာဖြစ်တာကြောင့်၊ ဘက်ထရီအသုံးပြုမှုတော်တော်နည်းသွားမှာပါ။
အခုသိထားသလောက် နောက်ထပ်ပါဝင်တဲ့ Features တွေကတော့ Notifications Channel ၊ Picture-in-Picture Mode နဲ့ ဘက်ထရီသက်တမ်းခြွေတာပေးမယ့် Features တွေဖြစ်ပါတယ်။
Android O Developer Preview ကို ယခုပဲ Download ပြုလုပ်နိုင်ပြီးဖြစ်ပါတယ်။

Samsung ရဲ့  ပထမဆုံး Windows Phone OS သုံး စမတ်ဖုန်း




Samsung ရဲ့  ပထမဆုံး Windows Phone OS သုံး စမတ်ဖုန်းကို ထုတ်လုပ် ဖြန့်ချိ သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။ ဖုန်းရဲ့  Codename ကို SM-W750V လို့ အမည်ပေးထား ပါတယ်။ Samsung ရဲ့  ထူးထူးခြားခြား ပထမဆုံး ဝင်းဒိုးဖုန်း ဖြစ်ပါတယ်။


အရွယ်အစား၊ ပုံစံများက Samsung Galaxy S3 နဲ့ မကွာဘူးလို့ ဆိုပါတယ်။ S3 ကိုပဲ Windows Phone 8 GDR3 နဲ့ မြင်ရမှာ ဖြစ်ကြောင်း ဆိုပါတယ်။ Samsung က တရားဝင် မပြောကြားသေးတဲ့ သတင်းတစ်ခု ဖြစ်ပါတယ်။ ဓာတ်ပုံထွက်ရှိမှုလည်း မရှိခဲ့ ပါဘူး။ ၅ လက်မ အရွယ် မျက်နှာပြင်ကို အသုံးပြုထားတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ Android Platform မှာ နေရာတစ်ခုရရှိထားပြီး ကမ္ဘာ့ရောင်းအား အကောင်းဆုံး စံချိန်ယူထားတဲ့ Samsung ဟာ ဝင်းဒိုးဖုန်းလောကကို ဝင်လာမယ်လို့ ဘယ်သူမှ ထင်မထား ပါဘူး။ ဝင်တော့လည်း စမတ်ဖုန်း အဆင့်သင်မဟုတ်ပဲ Phablet ကို တန်းထုတ်တာကြောင့် Nokia 1520 လို့ အရွယ်ကြီး ဝင်းဒိုးဖုန်းရဲ့  ပြိုင်ဘက် ဖြစ်လာမှာ ဖြစ်ပါတယ်။ မျက်နှာပြင် အရည်အသွေးက 1920×1080 resolution ရှိပြီး LTE Network ထောက်ပံ့ ပေးမှာ ဖြစ်ပါတယ်။
၂၀၁၄ Mobile World Congress မှာ ဝင်ရောက်ပြသမှာ ဖြစ်ပါတယ်။ အဆင့်မြင့် စမတ်ဖုန်း စာရင်းထဲ ပါဝင်မယ့် စမတ်ဖုန်း ဖြစ်ပါတယ်။ ၂၀၁၄ နှစ်လယ်လောက်မှာ ယင်းဖုန်းကို ထုတ်လုပ် ဖြန့်ချိ သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။

Visitor