Update

Mi5 ကို Android 7 တင်ပြီး Google Service အဆင်မပြေသူများ....


Mi5 ကို Android 7 တင်ပြီး Google Service အဆင်မပြေသူများ....
ကျွန်တော် အဆင်ပြေတာလေး မျှဝေပါရစေ။
ဆရာ Aung Kaung Myat ပြောပြထားတဲ့ နည်းလေးပါ။
Mi 5 ကို Android 7 ကို Fastboot Rom တင်ပြီး
Google အကောင့် ဝင်လို့မရတော့တဲ့ သူငယ်ချင်းများ
Google Installer နဲ့သွင်းတာတောင် မရဘဲ
Checking info ကနေ မတက်တဲ့ ဘော်ဒါတွေ
ဒီနည်းလေးအတိုင်းစမ်းပါ အဆင်ပြေပါတယ်။
အရင်ဆုံး ဖုန်းထဲက Google နဲ့သက်ဆိုင်တဲ့ App တွေ အကုန် Uninstall ထားပါ ခင်ဗျ။ Uninstall ပြီးရင် ဒါလေး ဒေါင်းလုဒ်ဆွဲပါ။
size နည်းအောင် Rar လေးလုပ်ပေးထားတယ်။ 60MB လေးပါ။


နောက်ပြီး ကျွန်တော်ပေးတဲ့ ဖိုင်လေး ဒေါင်းလိုက်ပါ။
အဲ့ဖိုင်ကို zip ဖြည်လိုက်ပါ။
zip ဖြည်ပြီးရင် ဖြည်ပြီးတဲ့ ဖိုဒါတစ်ခုလုံးကို 
MIUI >> backup >>AllBackup ဆိုတဲ့ဖိုဒါထဲရွှေ့ထားလိုက်ပါ။
ပြီးရင် Setting >> Additional Setting >>Back Up&Reset ဆိုတာထဲဝင်ပြီး
ခုနက ရက်စွဲနဲ့ဟာကို (Dec 11,10:30 PM) အဲ့ဟာကို Restore လုပ်ပေးလိုက်ပါ။
Restore လုပ်တာပြီးသွားတာနဲ့ ဖုန်းကို Restart တစ်ခါလုပ်လိုက်ပါ ခင်ဗျ။
ပြန်တက်လာရင် Setting >>Other Accounts>>Add >>Google ထဲက အကောင့်အသစ်ဝင်သုံးနိုင်ပါပြီ။
ဂုဏ်ယူပါတယ် မိတ်ဆွေGoogle အသုံးပြုနိုင်ပါပြီ။
Google Service Stop ဆိုပြီး စာတန်း ခဏ ခဏ ပေါ်လာရင် ဘယ်လိုလုပ်မလဲ။
ဒါက ဆရာဇော်ပြောပြထားတဲ့ နည်းပါ။
Setting>>Additional Setting>>Developer Options ကို ပိတ်ထားလိုက်ပါ။
အဆင်ပြေပါတယ်ဗျ။
Play Store က ဒေါင်းလုဒ်ဆွဲရင် Error တက်နေရင်
Setting >>OtherAccount ထဲမှာ Google နောက်အကောင့်တစ်ခုကို ဝင်လိုက်။
Play Store ကို ဒုတိယအကောင့်ပြောင်းလိုက်ပြီး
Download ဆွဲပါ Ok ပါတယ်။
ဒေါင်းနေတုန်း ပထမအကောင့်ကို ပြောင်းလိုက် Ok ပေါ့။

About: MPAT Pro

Admin

Welcome From Shwe Mobile - Myeik IT

Blogger
Disqus
Select System Comments What You Love

Visitor