ကဲစလိုက်ကြရအောင်ဗျာ
လိုတာလေးတွေကို အောက်ပါလင့်ကနေဒေါင်းလိုက်ပါဗျာ။
၁။ဒေါင်းထားတဲ့ Zip ဖိုင်လေးကိုဖြည်လိုက်ပါဗျာ
၂။ဖြည်လိုက်တဲ့ Zip ဖိုင်ထဲကမှ ResearchDownload_R2.9.7002 ဆိုတဲ့
ဖိုင်လေးထဲကို သွားပါ
၃။ Bin ဖိုင်လေးထဲကို ထပ်ဝင်လိုက်ပါ။အဲထဲကမှ ResearchDownload.exe
ဆိုတာလေးကို Run လိုက်ပါ။
၎။ ResearchDownload_R2.9.7002 လေးနဲ့ ဘောက်တစ်ခုပေါ်လာပါလိမ့်မယ်။
အဲဒီထဲကမှ Load Packet ဆိုတာလေးကိုရွေးလိုက်ပါ၊( Load Packet ပေါ်အောင် စက်သွားလေးကို မောက်လေးနဲ့ ထောက်လိုက်ပါ)
၅။Open ဆိုတဲ့ဘောက်လေးတစ်ခုပေါ်လာပါ့မယ်။အဲဒီ Open ဘောက်လေးထဲမှာ Look in မှာ ခုနက ဒေါင်းလိုက်တဲ့ Zip ဖိုင်ထဲကမှ 220T root
ဆိုတဲ့ ဖိုင်ထဲကမှ 220T ROOT.pac ဆိုတဲ့ ပက်ဖိုင်လေးကိုရွေးပြီး Open လိုက်တော့ဗျာ ။ ။ ။
၁။ဖုန်းကို Battery ကို 5 Seconds လောက်ဖြုတ်လိုက်ပါ။
၂။ဖုန်ကို Battery ပြန်တပ်ပြီးတော့ Volume Down ( – ) ကိုဖိထားပြီးတော့ ကြိုးထိုးလိုက်ပါ
၃။ Driver ကိုသိတယ်ဆိုရင်တော့ ResearchDownload မှာ အလုပ်စလုပ်ပါလိမ့်မယ်။
(တကယ်လို့ဒီမှာ Driver မသိဘူးဆိုရင် Y220 Root ထဲမှာပါတဲ့ SPD Driver ထဲက DPInst.exe ကို
Run ပေးလိုက်ပါဗျာ…)
၎။ပြီးရင် Research Download မှာ Passed လို့ အစိမ်းရောင် လေးနဲ့ ပြရင်တော့ Stop ပုံလေးကိုနှိပ်ပါ။
Battery ကိုခနပြန်ဖြုတ်လိုက်ပါ။ပြီးရင်တော့ Battery ကိုပြန်တက်ပြီးတော့ ဖုန်းကို Power
ပြန်ဖွင့်လိုက်ပါဗျာ။
အဆင်ပြေကြပါစေဗျား။