Update

အင်တာနက်မှာပိုက်ဆံရှာနည်း မြောက်များစွာရှိပါတယ်။ အခုပြောမှာကတော့ (PTC) အကြောင်း ပါ၊



PTC မိတ်ဆက်
PTC ဆိုက်ဆိုတာ ဘာ လဲဆိုတာကို သိအောင် ဒီမှာ ရှင်းပြမယ်၊ (PTC = Paid To Click)  မြန်မာလိုဘာ သာ ပြန်ရင် ကလစ်နှိပ်ရင် ပိုက်ဆံပေးတယ်ဆိုတဲ့ သဘောပါ။ PTC Website တွေ စတင်ပေါ်ပေါက် လာတာကတော့ 2007-2008 ကတည်းကပါ။ အွန်လိုင်း ပေါ်မှာ Website တွေအများ ကြီးရှိပါတယ်၊

အဲဒိ Website ကုမ္မဏီတွေ က သူ တို့ရဲ့ ထုတ်ကုန်ကို ကမ္ဘာ တစ်ဝှမ်းမှာ ရှိတဲ့ လူတွေကို ကြော်ငြာ ချင်ကြပါတယ်၊ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး  နည်းကတော့ နေ့စဉ် လူကုဋ္ဋေ ပေါင်းများစွာ ကျင်လည်ကျက်စားနေတဲ့ Online ဈေး ကွက်မှာ ကြော်ငြာ ခြင်းပါပဲ။ ဒါပေမဲ့ အွန်လိုင်းမှာလဲ သူတို့အနေနဲ့ သူတို့ရဲ့Product ကို သူတို့ ကိုပိုင် Website မှာ တင်ရောင်းရုံ ကြော်ငြာတင် ရုံနဲ့တင် အဆင်မပြေကြပြန်ဘူး။ပြသာနာက ဘယ်သူကသူတို့ Website ကို ၀င်ကြည့်မှာလဲ၊ Website  တင်တိုင်းလဲ လူဝင်ကြည့်တာမှမဟုတ်တာ၊ အဲ့ဒိတော့ ကြော်ငြာ
နဲ့ပက်သက်လို့ ဖြေရှင်းချက်တွေကိုရှာ တော့   နေ့စဉ်အွန်လိုင်းပေါ်မှာ လူအသုံး အများဆုံး ဖြစ်တဲ့ Google, Yahoo, Bing, Facebook,  အခြားဆိုရှယ် ဆိုက်တစ်ချို့ ကို တွေ့သွားပါတယ်၊ အဲ့ဒိ Social ဆိုက်တချို့ရဲ့ Home Page မှာ သူတို့ရဲ့ ကြော်ငြာကို တင်ထားလိုက် ရင် သူတို့ ရဲ့ ကြော်ငြာ ကိုနေ့စဉ် လူပေါင်း ကုဋ္ဋေနဲ့ချီပြီး တွေ့တော့ မယ်ဆိုတဲ့အကြံနဲ့  အဲ့ဒိ  Social  ဆိုက်တွေနဲ့ စာချုပ်တွေချုပ် ငွေတွေ ဒေါ်လာသန်းပေါင်းများစွာ ပေးပြီးသူတို့ ရဲ့ကြော်ငြာတွေကို စတင်ခဲ့ပါတယ်၊ ဒိလိုနဲ့ပဲ နာမည်ကြီးတဲ့ Social ဆိုက်တွေမှာ  ကြော်ငြာတွေကို ပုံနဲ့ တစ်မျိုး စာနဲ့တစ်မျိုး ၀င်ရောက်ကြော်ငြာလာကြ တော့ပါတယ်။ ဒါပေမဲ့ ကြော်ငြာတဲ့ ကုမ္မဏီ  တွေထဲက တစ်ချို့ ကထင်သလာက်ခရီးမပေါက်ကြပါဘူး၊ အဲ့ဒိလိုအပ်ချက်ကို ဖြည့်ဖို့ အတွက် PTC Website တစ်ချို့ ပေါ်ထွက်လာပါတယ်၊ PTC ဆိုက်တွေက ကုမ္မဏီတွေကနေ သင့်သင့်တဲ့ငွေပမာဏ နဲ့ ကြော်ငြာတွေကို လက်ခံပါတယ်၊  အဲ့ဒိ ကုမ္မဏီကကြော်ငြာတွေကို လူတစ်ထောင်ကြည့် ရင် $5 မှ $10 အထိ အခကျေးငွေယူပြီး သူတို့ ၀က်ဆိုက်တွေမှာ ကြော်ငြာတင်ပေးကြပါတယ်၊ ပြီးတော့သူတို့က ကြော်ငြာ ကြည့်မယ့်လူ (Member) ရှာပါတယ်၊ အဲ့ဒီ့ ကြော်ငြာ ကြည့်မယ့်လူတွေကို အယောက် တစ်ထောင်ကို $2 မှ $5 အထိပေးပြီးဝင်ကြည့်ခိုင်းပါတယ် ဒါပေမဲ့ ကြော်ငြာ ကြည့်တဲ့လူ (Member) တွေက 5 စက္ကန့်မှ 10 စက္ကန့် အထိအတိအကျ ကြည့်ပေးရပါ တယ် ၊  ဒီလိုနည်းနဲ့ PTC ဆိုက်တွေက အွန်လိုင်းပေါ်မှာ နေရာရလာကြပါတယ်၊ ကြော်ငြာ တဲ့သူကလည်း သူ့ကြော်ငြာကို  လူတွေသေချာကြည့်တဲ့အတွက် ကျေနပ်သလို၊ ကြော်ငြာ လက်ခံတဲ့ Website ကလည်း အမြတ်ရတော့ ကျေနပ်ကြပါတယ်၊ အဲ ကြော်ငြာ ကြည့်ပြီး ပိုက်ဆံရှာတဲ့ ကျွန်တော်တို့ (Member) အနေနဲ့ ကလည်း ကျေနပ်မူရှိပါတယ်၊ ဒါက PTC Website တွေရဲ့ ဖြစ်တည်မူပါပဲ။

သတိပြုစရာ အချက်များ

ကျွန်တော် အထူးသတိပေးချင် တာက အွန်လိုင်းပေါ်မှာ PTC Website ၁၅၀.၀၀၀  ကျော်ကျော် ရှိပါတယ် ။ ဒါပေမဲ့ တကယ်ပိုက်ဆံ ပေးတဲ့ဆိုက်က အတော့ကို နည်းပါတယ်။ နောက်ပြီး Internet ဆိုတာ  ယုံကြည်စိတ်ချရတဲ့ဆိုဒ် အမှန်တကယ်ရိုးသားပြီး  ပြောရင် ပြောတဲ့ အတိုင်းလုပ် တဲ့ဆိုဒ်များအတော်ကိုရှားပါတယ်။  (Internet Is Full of Scam) ကျွန်တော် ပြောတာ ကို မယုံရင်လဲ ကို့ဟာကို လေ့လာကြည့်နိုင်ပါတယ်။  တစ်ချို့ အခွင့်အရေး ရှာနေတဲ့သူတွေက PTC Website အတုတွေ ဖွင့် တယ်။ ခင်ဗျား တို့ဆီက ၀င်ကြေး တောင်းလိမ့်မယ် ပြီးရင် ပြောက်သွားရော၊ တစ်ချို့ ပိုလို့တောင်ဆိုးသေးတယ်၊ ခင်ဗျား ကို သုံး လလောက်အလုပ်ခိုင်းပြီး ပြီးရင် ခင်ဗျား ငွေလဲထုတ်ရော ခင်ဗျားကို ဘာ မှ အကြောင်း မပြန်တော့ဘူး၊ အဲ့ဒီ့တော့ ကျွန်တော် အ ကြံပြုချင်တာက ကျွန်တော် ပြော တဲ့ဆိုက်တွေကို အရင်လုပ်ပါ။ အတိအကျလေ့လာ ပြီး နှစ်အတော် ကြာပြသာနာ မရှိတဲ့ဆိုက်တွေကို ကျွန်တော် တင်ပြထား တာပါ၊ ဒါပေမဲ့ ကို့ပါကို လေ့လာချင်ရင် လဲ သဘော ပါ သတိထား ပါလို့ပဲ ပြော ပါရစေ။
ဒီမှာ နောက်ဆုံး အနေနဲ့ ပြော ချင်တာက တော့၊ PTC Website တွေဟာ အစမှာ ငွေနည်းနည်း ပဲဝင်ပါတယ်၊ Site တစ်ခု ကို တစ်လ $1.5 နေ $2 အထိပဲ ၀င်ပါတယ်၊ ဒါပေမဲ့  Site 5ခု မှ 10ခု  လောက် ချိတ်ထားနိုင်ရင် တော့ တစ်လ $15 - $20 ၀န်းကျင်ရပါလိမ့်မယ်၊ ဒါပေမဲ့ တစ်နေ့ကို မိနစ် 20 ထက်ပိုပြီး အလုပ်လုပ်စရာ မလိုပါဘူး၊  PTC ဆိုက်ရဲ့ သဘောက လွယ် တယ်၊ လက်ချောင်းတစ်ချောင်း ရှိရင် အလုပ်လုပ်လို့ရ တယ် ဒါပေမဲ့ ငွေဖြည်းဖြည်း ချင်းပဲရှာ လို့ရမယ်။ တစ်လမှ $20 ထဲဆိုလို့ စိတ်မညစ်သွားပါနဲ့ ၊ ကျွန်တော် တို့ ဆိုက်ရဲ့ငွေရှာ ဖွေရေး အစီအစဉ် တွေရဲ့ ပထမအဆင့်ပဲရှိပါသေးတယ်၊ ၀င်ငွေ တိုးအောင် လုပ်တဲ့ နည်းတွေ အများကြီးရှိပါတယ်။

မှတ်ချက်။    ။ ကျွန်တော် PTC Website တွေ နဲ့ ပိုက်ဆံ ရှာနေတာ (၄) နှစ်ကျော် နေပါပြီ။

အခု ကျွန်တော့ PTC Website တွေ ရဲ့ ၀င်ငွေဟာ တစ်ရက်  $200 ($200/Day) ၀န်းကျင်ရှိပါတယ်။ တစ်နှစ် ဆိုရင် $80,000 ($80,000/year) ရှိပါတယ်။ အမြတ် သီးသန့်တွက်မည် ဆိုပါက တစ်နှစ် $60,000 ကျော်ကျော် ရှိပါတယ်။ သည်အခြေအနေ ရောက်ဖို့ ကျွန်တော့ အိပ်ကပ်ထဲက ပိုက်ဆံ တစ်ပြားမှ မဆိုက်ခဲ့ ပါဘူး။ ဆိုက်ချင်လဲ ဆိုက်လို့မရခဲ့ဘူးလေ။ အဒီတုန်းက Paypal Account လဲ မဖွင့်တတ်ခဲ့ဘူးလေ။ ရှင်းရှင်း ပြောရရင် PTC Account ထဲမှာ ရှိတဲ့ ပိုက်ဆံ တောင် ဘယ်လိုထုတ် ရမယ်မှန်း သိခဲ့တာမဟုတ်ဘူး။ အခုပြန်တွေးကြည့်ရင်ကောင်းတယ်လို့တောင်ထင်ပါတယ် ဘာကြောင့်လဲ ဆိုတော့ ပိုက်ဆံ ထုတ်မရတော့ ရတဲ့ ပိုက်ဆံကို PTC Site တွေမှာ Referral (PTC ရဲ့အသက် ဟာ Referral လို့ပဲ မှတ်ထာပေးပါ၊ Referral အကြောင်းကို အောက်မှာ ရှင်းပြပါမယ်)  တွေ ၀ယ်ပြီးရင်းဝယ်ရင်းနဲ့ပဲ အခု သည်လောက် ၀င်ငွေ ရလာတာပါ။ ခင်ဗျား တို့လည်း စအလုပ်လုပ်ပြီး တစ်နှစ်လောက် ကြာရင် တစ်နှစ်ကို $8,000 ၀န်းကျင်လောက် ရနေပါပြီ။ ပိုက်ဆံကို မထုတ် ပဲ နှင့် ဆက်ရင်းသွားရင်တော့ ၃ နှစ်လောက်နေရင် အနည်းဆုံး တစ်နှစ် $60,000 လောက် ရမှာပါ။ အဲဒိ အချိန်ရောက် လျှင်တော့ ထုတ်ပြီးရင်း ထုတ်ပေါ့ ။ ကျွန်တော့လည်း မမေ့ နဲ့ပေါ့။
PTC Website တော်တော် များများ ကတော့ တစ်ပါတ် တစ်ကြီမ် Cashout/Withdraw လုပ်လို့ရပါ တယ်။
Minimum Cashout/Withdraw = $2
Maximum Cashout/Withdeaw = No
Cashout/Withdraw Period = one time/ week
Cashout/Withdraw Fees = 3% to 5%



PTC စည်းကမ်းချက်များ

PTC Website တိုင်းမှာ သူ့စည်းကမ်းနဲ့သူရှိပါတယ်။၎င်းစည်းကမ်းများကိုမလိုက်နာရင်တော့  ကိုယ့်အကောင့်ကိုယာယီထိန်းသိမ်းခြင်းသော်လည်းကောင်း၊အမြဲတမ်းထိန်းသိမ်းခြင်း သော်လည်းကောင်း  အရေးယူခံရနိုင်ပါတယ်။ ဒီလိုမဖြစ်ရအောင်ဒီလိုမဖြစ်ရအောင်
စည်ကမ်းချက်များကို ဖော်ပြပေးသွားမယ်။

ကွန်ပျူတာ တစ်လုံးအကောင့်တစ်ခုနှုန်း

PTCWebsite
 တွေဟာအိမ်ကနေပိုက်ဆံရှာဖို့လုပ်ပေးထားတဲ့အတွက်ကွန်ပျူတာတစ်လုံးကို အကောင့်တစ်ခုပဲလုပ်ခွင့်ပေးပါတယ်။ တစ်ခုထက်ပိုသော အကောင့်များကို ယာယီပိတ်ပစ်ခြင်းသော်လည်းကောင်း၊ အမြဲတမ်းပိတ်ပစ်ခြင်းသော်လည်းကောင်း   လုပ်ခံရနိုင်ပါတယ်။

အင်တာနက်ဆိုင်များမှ အသုံးပြုခြင်း

စည်းကမ်းချက်များထဲမှာ အင်တာနက်ကဖေးဆိုင်များမှ အသုံးပြုခြင်းကိုလက်မခံ သော်လည်း တကယ်တမ်း သုံးလို့ရပါတယ်။ အဒိ Computer တွေမှာ Account မဖွင့်ထားဘူး ဆိုရင် ရပါတယ်။

Proxy အသုံးပြုခြင်း

login ဝင်ဖို့ proxy သုံးနိုင်သော်လည်း ကြော်ငြာကြည့်ဖို့ အသုံးပြုခြင်းလက်မခံပါ။
၎င်းဟာ ဘာကိုညွှန်းတာလဲဆိုတော့ ဥပမာ ကိုယ်ကမြန်မာနိုင်ငံကနေ  အကောင့်လုပ် နှိပ်နေတယ်။  နိုင်ငံခြား ရောက်သွားရင်လည်း   ဒီဆိုဒ်ကို အသုံးပြုနိုင်တဲ့သဘောပါ။  ဒါကြောင့်လက်ခံတာပါ။  ဘာကြောင့်ပြောတာလဲဆိုတော့   တစ်နိုင်ငံနဲ့တစ်နိုင်ငံဟာ အိုင်ပီနံပါတ်များမတူသလို  အချိန်များလည်း မတူညီကြပါ။ ဒါပေမယ့် မြန်မာနိုင်ငံ ကနေ ပိုက်ဆံ ထုတ် ပြီဆိုရင်တော့ proxy ကျော်ကိုကျော်ရမှာပါ။ ဘာကြောင့်လဲဆိုတော့ Cyber Banking ဖြစ်တဲ့ Paypal က ကျွန်တော်တို့ မြန်မာ IP address နဲ့ ခွင့်မှ မပြုတာ။


အလိုအလျောက်နှိပ်သော ဆော့ဖ်ဝဲအသုံးပြုခြင်းကို လက်မခံခြင်း

အချို့သော ကိုယ်တိုင်နှိပ်ရမှာပျင်းတဲ့သူများက  အလိုအလျောက်နှိပ်ပေးတဲ့ ဆော့ဖ်ဝဲများကို  အသုံးပြုကြပါ တယ်။ ထိုသို့အသုံးပြုခြင်းကို PTC Website များက လက်မခံပါဘူး။ စစ်ဆေးတွေ့ရှိက အရေးယူခြင်းခံရမှာပါ။


ငွေကို ဘယ်လိုထုတ်မလဲ

အွန်လိုင်းမှာ ငွေချေခြင်း၊ ငွေလွှဲခြင်း၊ ငွေထုတ်ခြင်း စသည်များကို ခြားခံအနေနဲ့ ဆောင်ရွက်ပေးတဲ့Cyber Banking Website များရှိပါတယ်။ eg : Paypal, Payza or Alertpay, Neteller, Egopay, libertyreserve etc.....

ကျွန်တော် ကတော့ Paypal ပဲ အသုံးပြုပါ လို့ အကြံပေးချင်ပါတယ်။

ငွေကို လက်ထဲရောက်အောင် ဘယ်လိုထုတ်မလဲ (မသိသောသူများ အတွက်သာ)

အရင် ဦဆုံး Paypal မှာ Sign Up လုပ်လိုက်ပါ။ Cyber Banking အကျိုးဆောင် company များနှင့် ဆက်သွယ်ပြီး ထုတ်နိုင်ပါတယ်။
ဥပမာ။    ။   www.shwemoney.com   တာရှိပါတယ်။ မြန်မာ Website ပါOnline Banking System  အကျိုးဆောင်Company ပါ။ ငွေလွှဲ ခ ကတော့ လွှဲငွေ၏ ၅% ပါ။
        Ph : 01-510-554
        Address : No (9), Shin Saw Pu Pagoda Street(near city mark) Sanchaung Township
        Email : support@shwemoney.com
       Startup Now 

 မှက်ချက်။     ။signup လုပ်ချိန်တွင် Paypal email နေရာတွင် အဆင်ပြေတဲ့ email တစ်ခုခု (သို့) ကွပ်လပ် အတိုင်း ထားလို့ရပါတယ်။ ကြိုက်တဲ့အချိန် ပြင်လို့ ရပါတယ်။

About: MPAT Pro

Admin

Welcome From Shwe Mobile - Myeik IT

Blogger
Disqus
Select System Comments What You Love

Visitor