မိုဘိုင်းကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ကိုမင်းသုနောင်ကလည်း “Galaxy Grand (GT 9082) ကို ယနေ့ နေ့လယ်မှစတင်ကာ
မြန်မာစာ update ပေးလိုက်ပါပြီ။ Galaxy Grand (CDMA+GSM) မြန်မာစာ ပါတဲ့ဖုန်း ၀င်လာပြီးတဲ့ နောက်ပိုင်းမှာ Samsung က ကျန်တဲ့ ဖုန်းတွေရော တရားဝင် မြန်မာစာစနစ် ထည့်သွင်းပေးလိုက်ပါပြီ။ 4.1 Jelly Bean နဲ့အထက် Samusung ဖုန်းတွေ အကုန်လုံး ရလိမ့်မယ်လို့မျှော်လင့်ပါတယ်။
သူငယ်ချင်းတို့ ထဲမှာရှိရင် စမ်းသပ်ကြည့်ကြပါ။ ကျွန်တော့် Galaxy Grand လေးတော့ Built-in မြန်မာစာ စနစ် ရသွားပါပြီ။ဘာ app မှ သုံးစရာမလိုဘဲ system update ပြုလုပ်ရုံနဲ့ မြန်မာစာနဲ့ပတ်သက်တာ အကုန်လုံး အဆင်ပြေသွားမှာဖြစ်ပါတယ် ” လို့ပြောပါတယ်။ Samsung Galaxy Grand အပြင် Samsung ကလက်ရှိ မြန်မာစာ ပါဝင်သည့် Update ကို Online မှမြှင့်ရန်အဆင်မပြေပါက Samsung Show ROM များတွင်သွားရောက် Update လုပ်နိုင်ကြောင်းလည်းသိရသည်။ HTC ပြီးလျှင် Samsung ဖုန်းများသည် မြန်မာစာစနစ်တရားဝင်ပါဝင်လာသော ဒုတိယမြောက်နာမည်ကြီး ဖုန်းအမျိုးအစားလည်းဖြစ်သည်။