Update

Huawei ဖုန်းအရောင်းဆိုင် ၂၀ အထိ ယခုနှစ်အတွင်းဖွင့်လှစ်မည်

Huawei Show Room နှင့် အရောင်းဆိုင် ၂ဝ အထိ ယခုနှစ် အတွင်း ဖွင့်လှစ်သွားမည်ဟု သိရသည်။
အဆိုပါဆိုင်များကို ရန်ကုန်တစ် မြို့တည်းတွင်သာ ဖွင့်လှစ် သွားမည်ဖြစ် ပြီး လက်ရှိတွင် ဖွင့်လှစ်ထားသည့် ဆိုင် ပေါင်း ၉ ခု ရှိပြီဖြစ်ကြောင်း သိရသည်။

” Huawei ဟန်းဆက် သီးသန့် တွေပဲ ရောင်းသွားမှာပါ။ အဓိကတော့ Huawei ဟန်းဆက်သုံးစွဲသူတွေ အ ဆင်ပြေအောင် ဆောင်ရွက်ပေးတာပါ” ဟု ယင်း ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဖွင့်လှစ်မည့် ဆိုင်များတွင် Huawei မှ ထုတ်လုပ်ထားသည့် ဟန်းဆက်အား လုံးကို ရောင်းချသွားမည့် အပြင် Service ကောင်တာ များကိုလည်း ထားရှိပေးခြင်း နှင့် အာမခံ ကတ်ပြား ကိုလည်း ထုတ်ပေး သွားမည်ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောသည်။
”အခု ဖွင့်ထားတဲ့ ဆိုင်တွေမှာ လည်း ဟန်းဆက် ဝယ်တဲ့ လူတွေကို အာ မခံကတ်ပြားတွေ ပေးနေပါပြီ။ Service ကောင်တာ အချို့ကိုလည်း ထားရှိပေး ထားပါတယ်။ အပြင်ဆိုင်တွေက ဝယ်တဲ့ ဟန်းဆက်တွေကိုတော့ အာမခံ မပေးသေးပါဘူး။ ဆိုင်တွေ အားလုံး ဖွင့်လှစ်ပြီးမှပဲ Service ပေးသွားဖို့ ရှိပါတယ်” ဟု ၄င်းက ဆက်ပြော သည်။
လက်ရှိတွင် Huawei ကုမ္ပဏီ အနေဖြင့် ဒုတိယမြောက် အရောင်းပြ ခန်း Show Room တစ်ခု ဖွင့်လှစ်ရန် စီစဉ်လျက်ရှိပြီး အဆိုပါ ပြခန်းကို ယခုလ ၂၈ ရက်တွင် တာမွေမြို့နယ် သီတာလမ်း မှတ်တိုင် အနီးတွင် ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် Huawei ဟန်းဆက် အသစ်တစ်မျိုး ဖြစ်သည့် P6 ဟန်း ဆက်ကိုလည်း ယခုလ ၂ဝ ရက်နေ့တွင် မြန်မာနိုင်ငံ၌ စတင်ဖြန့်ချိ သွားမည် ဖြစ်ကြောင်း၊ အဆို ပါ ဟန်းဆက်မှာ ဂျီဖုန်းနှင့် CDMA အမျိုးအစား နှစ်ခု စလုံးအတွက် သီးသန့်စီ ထုတ်လုပ် ပေး ထားကြောင်း၊ ဈေးနှုန်းမှာ ကျပ်သုံး သိန်းနှင့် လေးသိန်း ကြား ရှိမည်ဖြစ် ကြောင်း၊ အာမခံ တစ်နှစ်ပေးသွားမည် ဖြစ်ကြောင်း၊ ဟန်းဆက် အရောင်ကို သုံး မျိုး ထုတ်လုပ်ထားကြောင်း ၄င်းက ဆက်ပြောသည်။

About: MPAT Pro

Admin

Welcome From Shwe Mobile - Myeik IT

Blogger
Disqus
Select System Comments What You Love

Visitor