Update

MIUI9 Google Apps


အခုအချိန်မှာ အချို့သော Xiaomi Phone Model များအတွက် MIUI 9 Public Beta ROM ထွက်လို့နေပါပြီ။ Global Dev ROM မထွက်တဲ့ ဖုန်း model တွေအတွက်၊ ဒါမှမဟုတ် China Dev မှသုံးချင်တယ်ဆိုတဲ့ user များအတွက် ထုံးစံအတိုင်း Google Apps ထည့်သွင်းဖို့ပါ။ Very Simple ပါပဲ။ APK တစ်ခုချင်းစီ Install လုပ်သွားရုံပါ။ Google App တွေက သက်ဆိုင်ရာ Android version ပေါ်မှာမူတည်ပြီး ပိုပြီးမှန်ကန်စွာ အလုပ်လုပ်ကြတာမို့ ကိုယ့် Android version နဲ့ကိုက်ညီတဲ့ Google app file တွေသွင်းပေးနိုင်ရင် အဆင်ပြေမှာပါ။ Google App တွေအပေါ် MIUI System ရဲ့ effect က အနည်းငယ်လောက်ပဲရှိတတ်ပါတယ်။ အဲဒါတွေကို လိုအပ်ရင် Security, Permissions တွေထဲမှာ ချိန်ညှိနိုင်ပါတယ်။




OR

APK file တွေကို Install လုပ်ပေးဖို့ Settings ထဲမှာ Unknow Sources ကို ON မပေးထားရသေးရင် Settings->Additional Settings->Privacy->Unknown Sources ကို ON ထားပေးပါ။

Download ပြုလုပ်လို့ရလာတဲ့ zip file ကိုဖြည်ချပြီး အောက်ပါ အစီအစဉ်အတိုင်း APK File တွေကို တစ်ခုချင်း Install လုပ်ပေးသွားလိုက်ပါ။ တစ်ခုချင်းစီ Install လုပ်ပြီး DONE သာနှိပ်ပေးပါ။ OPEN မနှိပ်ပါနဲ့။


အင်တာနက်ဖွင့်ထား၊ Google Play Store ထဲဝင်နေချိန်မှာ လိုအပ်လျှင် Google Play Store, Google Play Services တွေ အလိုလို Update လုပ်ချင်လုပ်နေပါလိမ့်မယ်။ အဲသည်အချိန်မှာ App တွေကို Download ပြုလုပ်ဖို့ ကြိုးစားပါက Download Pending... ဆိုပြီးပြနေတတ်ပါတယ်။ ဘာမှစိုးရိမ်စရာမရှိပါ။ Google Service တွေ သူ့ဟာသူ update ဖြစ်ပြီးချိန်မှာ App တွေ အလိုလို Download ပြုလုပ်ပေး သွားပါလိမ့်မယ်။ Waiting for Wi-Fi လို့ပြနေပါက အောက်ပါပုံအတိုင်း Download Settings ထဲမှာ ပြင်ပေးထားလိုက်ပါ။

အားလုံးပဲ အဆင်ပြေကြပါစေ။




About: MPAT Pro

Admin

Welcome From Shwe Mobile - Myeik IT

Blogger
Disqus
Select System Comments What You Love

Visitor