Redmi Note 3 Pro Any version Temp Bootloader Root !


Version အမြင့်တင်ပြီး Root ဖောက်မရသူများအတွက် ဒီနည်းလမ်းလေးတင်ပေးလိုက်ပါတယ်။
ကျွန်တော်တို့ ဖုန်းကို backup တွေယူထားပေးပါ ကျွန်တော်တို့ ကမလုပ်ခင်မှာ 
အရေးကြီးဆုံးက ကျွန်တော်တို့ ဖုန်းကို Developer option ထဲက OEM Unlocking 
ဆိုတာလေးကိုအမှန်ခြစ်ပေးခဲ့ပါ၊
Screenshot_2016-06-12-13-54-03_com.android.settings

ပေးထားတဲ့ Zip ထဲမှာပါဝင်တဲ့ image ဖိုဒါကို Mi flash နဲ့ Firmware တင်သလိုတင်ပါ။
Firmware ရေးလို့ ပြီးပါက ဖုန်းကို ပါဝါမဖွင့်ပါနဲ့  ပါဝါဖွင့်မိခဲ့လျှင် Boot မှာတင်လည်နေပါလိမ့်မယ်။
Power မဖွင့်ပဲ Volume Down ခလုတ်နဲ့  Power ခလုတ်ကိုတွဲနှိပ်ပေးလိုက်ပါ။
အချိန်အနည်းကြာရင် ဒီလိုလေးပေါ်လာပါလိမ့်မယ်။
IMG_20160612_134729

ပြီးရင်တော့ ခုနကဒေါင်းလို့ ရလာတဲ့ကောင်ထဲက Root.zip ကိုဖြည်ပြီး အထဲမှာပါတဲ့
Root.bat ကို Run ပေးလိုက်ပါ ဒီလိုလေးပေါ်လာပါလိမ့်မယ်။

2

သူပြောထားတဲ့အတိုင်းကျွန်တော်တို့ က ဖုန်းကို Fastboot Mode ကိုခေါ်ပြီးပြီဆိုတော့
ကွန်ပြူတာမှာကြိုးထိုးပေးလိုက်ပါ ပြီးရင် Root.bat မှာ enter ခေါက်ပေးလိုက်ပါ။

3

သူ့ ဟာသူ Device ရဲ့ Bootloader အခြေအနေကိုစစ်ဆေးပြီး ဖုန်းကို Reboot ချပေးပါလိမ့်မယ်။
ပြီးရင် အခုလိုထပ်ပြပါလိမ့်မယ်။

4

အခုလိုပြလာပြီဆိုရင်တော့ ကျွန်တော်တို့ ဖုန်းဟာ Reboot ကျပြီး ပုံမှန်အတိုင်းတက်လာတာကို
မြင်တွေ့ ရပါလိမ့်မယ် ခဏစောင့်ပေးလိုက်ပါ Root.bat ကိုဒီအတိုင်းထားပေးပါ မပိတ်ပါနဲ့ 
ပြီးရင်ကျွန်တော်ပေးထားတဲ့ဖိုင်ထဲက Supersu 2.71.zip ကိုဖုန်းထဲထည့်ထားပေးပါ။
ပြီးရင် ပထမအတိုင်း ဖုန်းကို Fastboot Mode ပြန်ခေါ်ပေးပါ။
ပြီးရင်တော့ ခုနက ထားထားတဲ့ Root.bat မှာ Enter ပြန်ခေါက်ပေးလိုက်ပါ အခုလို
ထပ်ပြပေးပါလိမ့်မယ်။

5

အခုလိုပြလာပြီဆိုရင်တော့ ကျွန်တော်တို့ ဖုန်းကို Bootloader ခတ္တဖြည်တာအောင်မြင်ပါပြီ။
အဲ့လိုမပြခဲ့ဘူးဆိုရင်တော့ အပေါ်ကအဆင့်တွေကိုပြန်လည်စစ်ဆေးပေးပါ။
ပြလာခဲ့ပြီဆိုရင် Enter ထပ်ခေါက်ပေးလိုက်ပါ။
အခုလိုထပ်ပြပေးပါလိမ့်မယ်။

6

ပြီးပြီဆိုရင်တော့ ကျွန်တော်တို့ ဖုန်းဟာ TWRP Mode ကိုရောက်သွားတာကိုမြင်တွေ့ ရမှာ
ဖြစ်ပါတယ် ဒီလိုပုံလေးပါ။
IMG_20160612_135749
အဲ့ထဲမှာ English Language ရွေးပုံရွေးနည်းကတော့
ညာဘက်က အပေါ်က ရေရင် လေးခုမြောက်လေးကိုနှိပ်ပေးလိုက်ရင် အခုလိုပြပေးပါလိမ့်မယ်။
IMG_20160612_135756
အဲ့နေရာမှာ ညာဘက်ထောင့်ဆုံးက ကမ္ဘာလုံးပုံလေးနှိပ်ပေးလိုက်ရင် Language ရွေးတာ
ပေါ်လာပါလိမ့်မယ် မိမိတို့ စိတ်ကြိုက်ရွေးပေးလိုက်ပါ။
ပြီးရင်တော့ ခုနက ဖုန်းထဲထည့်ထားတဲ့ Supersu 2.71.zip ဖိုင်လေးကိုသွင်းပေးလိုက်ရင်တော့
ကျွန်တော်တို့ ဖုန်းဟာ Bootloader ကိုခတ္တခဏ ဖြည်ပြီး TWRP သွင်းကာ အမြစ်တူးခြင်း
အောင်မြင်စွာပြီးဆုံးပါပြီ။
IMG_20160612_135812
အားလုံးအဆင်ပြေကြပါစေဗျာ….

Credit - Than Toe Aung and Miui Forum


About: MPAT Pro

Admin

Welcome From Shwe Mobile - Myeik IT

RECOMMENDED :

Blogger
Disqus
Select System Comments What You Love

Visitor