OnePlus 5 စမတ္ဖုန္း ဂြ်န္လတြင္ ထြက္ရွိမည္ဟု သတင္းေပါက္ၾကား...


(Zawgyi)
OnePlus စမတ္ဖုန္းစီးရီးမ်ားဟာ အခုေနာက္ပိုင္းမွာ လူသိပိုမိုမ်ားျပားလာျပီး လက္ရွိမွာ OnePlus 3T စမတ္ဖုန္းဟာ OnePlus စီးရီးမ်ားထဲက ေအာင္ျမင္မႈအရွိဆံုး စမတ္ဖုန္းတစ္လံုးလဲ ျဖစ္ပါတယ္။ မၾကာမွီကာလမွာ OnePlus 5 စမတ္ဖုန္း ထြက္ရွိမယ္လို႕ OnePlus ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ Pete Lau က ေျပာလုိက္ပါတယ္။ ဒါေပမယ့္ ဘယ္အခ်ိန္ ဘယ္လထြက္ရွိမယ္လို႕ အတိအက်ေျပာခဲ့တာ မဟုတ္ဘဲ ေႏြရာသီမကုန္ခင္ ထြက္ရွိမယ္လို႕ ေျပာလိုက္တာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ခန္႕မွန္းခ်က္မ်ားအရ OnePlus 5 ဟာ ဂြ်န္လအတြင္းမွာ ထြက္ရွိႏိုင္ဖြယ္ရွိျပီး OnePlus 4 ဆိုတဲ့ နာမည္နဲ႕ မထုတ္ဘဲ OnePlus 3စီးရီးမွ OnePlus 5 စီးရီးသို႕ ေက်ာ္ျပီး ထုတ္မွာ ျဖစ္ပါတယ္။ Storage အေနနဲ႕ 64GB သို႕မဟုတ္ 128 GB သိုေလွာင္မႈပမာဏရွိမွာ ျဖစ္ျပီး CPU အေနနဲ႕ Snapdragon 835 SoC တပ္ဆင္ေပးထားမွာ ျဖစ္ပါတယ္။ RAM အေနနဲ႕ 6GB သို႕မဟုတ္ 8GB အေနနဲ႕ထြက္ရွိလာဖြယ္ ရွိပါတယ္။ Rear camera အေနနဲ႕ 23 MP ထည့္သြင္းေပးမွာ ျဖစ္ျပီး လက္ရွိမွာေတာ့ ကင္မရာက ဒီထက္ပိုေကာင္းလာႏုိင္တယ္လို႕ သတင္းေတြ ထြက္ရွိေနပါတယ္။

မ်က္ႏွာျပင္အေနနဲ႕ Dual-Edge curved display ျဖစ္တဲ့အတြက္ မ်က္ႏွာျပင္ႏွစ္ဖက္လံုးဟာ ခံုးေနမွာ ျဖစ္ပါတယ္။ လက္ေဗြရာစနစ္ကိုလည္း မ်က္ႏွာျပင္ဘက္မွာ ထည့္သြင္းတပ္ဆင္ေပးမွာ ျဖစ္တယ္လို႕ သိရပါတယ္။ ဒီထက္ပိုတိက်တဲ့ သတင္းကိုေတာ့ OnePlus 5 ထြက္ရွိမယ့္ အခ်ိန္နီးမွ ထပ္မံတင္ဆက္ေပးသြားမွာ ျဖစ္ပါတယ္။

(Unicode)
OnePlus စမတ်ဖုန်းစီးရီးများဟာ အခုနောက်ပိုင်းမှာ လူသိပိုမိုများပြားလာပြီး လက်ရှိမှာ OnePlus 3T စမတ်ဖုန်းဟာ OnePlus စီးရီးများထဲက အောင်မြင်မှုအရှိဆုံး စမတ်ဖုန်းတစ်လုံးလဲ ဖြစ်ပါတယ်။ မကြာမှီကာလမှာ OnePlus 5 စမတ်ဖုန်း ထွက်ရှိမယ်လို့ OnePlus ရဲ့ အမှုဆောင်အရာရှိချုပ် Pete Lau က ပြောလိုက်ပါတယ်။ ဒါပေမယ့် ဘယ်အချိန် ဘယ်လထွက်ရှိမယ်လို့ အတိအကျပြောခဲ့တာ မဟုတ်ဘဲ နွေရာသီမကုန်ခင် ထွက်ရှိမယ်လို့ ပြောလိုက်တာ ဖြစ်ပါတယ်။

ဒါကြောင့် ခန့်မှန်းချက်များအရ OnePlus 5 ဟာ ဂျွန်လအတွင်းမှာ ထွက်ရှိနိုင်ဖွယ်ရှိပြီး OnePlus 4 ဆိုတဲ့ နာမည်နဲ့ မထုတ်ဘဲ OnePlus 3စီးရီးမှ OnePlus 5 စီးရီးသို့ ကျော်ပြီး ထုတ်မှာ ဖြစ်ပါတယ်။ Storage အနေနဲ့ 64GB သို့မဟုတ် 128 GB သိုလှောင်မှုပမာဏရှိမှာ ဖြစ်ပြီး CPU အနေနဲ့ Snapdragon 835 SoC တပ်ဆင်ပေးထားမှာ ဖြစ်ပါတယ်။ RAM အနေနဲ့ 6GB သို့မဟုတ် 8GB အနေနဲ့ထွက်ရှိလာဖွယ် ရှိပါတယ်။ Rear camera အနေနဲ့ 23 MP ထည့်သွင်းပေးမှာ ဖြစ်ပြီး လက်ရှိမှာတော့ ကင်မရာက ဒီထက်ပိုကောင်းလာနိုင်တယ်လို့ သတင်းတွေ ထွက်ရှိနေပါတယ်။

မျက်နှာပြင်အနေနဲ့ Dual-Edge curved display ဖြစ်တဲ့အတွက် မျက်နှာပြင်နှစ်ဖက်လုံးဟာ ခုံးနေမှာ ဖြစ်ပါတယ်။ လက်ဗွေရာစနစ်ကိုလည်း မျက်နှာပြင်ဘက်မှာ ထည့်သွင်းတပ်ဆင်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီထက်ပိုတိကျတဲ့ သတင်းကိုတော့ OnePlus 5 ထွက်ရှိမယ့် အချိန်နီးမှ ထပ်မံတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

About: MPAT Pro

Admin

Welcome From Shwe Mobile - Myeik IT

RECOMMENDED :

Blogger
Disqus
Select System Comments What You Love

Visitor