Mi6 သည် Snapdragon ရဲ့ နောက်ဆုံးထွက် အဆင့်မြင့် Processor တစ်ခုဖြစ်တဲ့ 10nm 835 chipset (Octa-core, max 2.45GHz) ကို အသုံးပြုထားတဲ့ တတိယမြောက် ဖုန်း Brand တစ်ခုလည်း ဖြစ်လာပါတယ်။
GPU အနေနဲ့က Kryo 280 microarchitecture နည်းပညာအသစ်ကိုသုံးထားတဲ့ Andreno 540 GPU ကို အသုံးပြုထားခြင်းက Gamer တွေ ရင်ခုန်ရမယ့်အချက်တစ်ခုဖြစ်နေပါတယ်။
ကျောဘက်တွင် Camera ၂လုံးကို ထည့်သွင်းပေးထားပြီး တစ်လုံးက 4-axis OIS stabilization ပါတဲ့ 12MP Wide Angle Lens ဖြစ်ပြီး နောက်တစ်လုံးကတော့ 12MP Telephoto Lens ဖြစ်ပါတယ်။ Dual Camera အားသာချက်ကတော့ Optical Zoom ကို 2X ထိချဲ့လို့ရပြီး Background Blur ဖြစ်အောင်ရိုက်လို့ရမယ့် Portrait Photo mode လည်း ပါဝင်လာပါတယ်။ ၄င်းအပြင် Natural color correction နဲ့ Smart beautify လိုမျိုး function တွေပါပါဝင်လာလို့ ရိုက်လိုက်တဲ့ပုံတိုင်းက သဘာဝအတိုင်း လှပနေမှာဖြစ်ပါတယ်။
Splash resistant ဖြစ်လို့ ရေစိုခံနိုင်လာပါပြီ။ Dual Stereo Speaker ကိုလည်း ထည့်သွင်းပေးထားပြီး နားကြပ်ပေါက်မပါရှိတော့သောကြောင့် Type-C port မှတစ်ဆင့် သီချင်းနားထောင်ရပါမယ်။ Ultra-glass fingerprint sensor ကို အသုံးပြုထားပြီး Dual Wifi နည်းပညာအသစ်ကိုထည့်သွင်းပေးထားလို့ wifi လိုင်းဆွဲအားပိုမိုကောင်းမွန် မြန်ဆန်စေမှာဖြစ်ပါတယ်။
အနားလေးထောင့်လုံး လုံးဝန်းလှပတဲ့ 3D Curved Glass Body နှင့် 18-karat gold camera rims နဲ့တွဲဖက်ထားတဲ့ Ceramic Body ဆိုပြီး ၂မျိုးထုတ်ထားပြီး ကိုယ်ထည်ဘောင် frame ကို Stainless Steel ဖြင့်ပြုလုပ်ထားလို့ ခိုင်ခံ့မှုအပြည့်ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။
မျက်လုံးထိခိုက်မှုဖြစ်စေတဲ့ Blue rays ထွက်ရှိမှုကို လျှော့ချပေးနိုင်ပြီး နေအလင်းရောင်ထဲ ကြည်လင်တောက်ပစွာကြည့်လို့ရမယ့် Sunlight Display ကိုအသုံးပြုထားပါတယ်။ Screen brightness ကိုလည်း 1nit ထိ လျှော့ချပေးနိုင်လို့ ညဘက် ဖုန်းသုံးတဲ့အချိန်တွေမှာ ပိုမိုအဆင်ပြေလာပါပြီ။
Battery ကိုလည်း 3350mAh အသုံးပြုပေးထားလို့ တခြား screen အရွယ်အစားတူဖုန်းများထက် Ampere ပိုတောင့်တဲ့ battery ကို ပိုင်ဆိုင်ထားပါတယ်။
Antutu Benchmark အနေနဲ့လည်း Galaxy S8 ထက်ပိုများတဲ့ ရမှတ် 184292 ထိ ရရှိထားတဲ့ Mi6 ကို အဖြူ၊ အပြာ၊ အမဲရောင်အပြင် Silver Edition ကိုပါ ထုတ်လုပ် ရောင်းချသွားမှာဖြစ်ပါတယ်။
(မြန်မာပြည်ကိုတော့ အရောင်စုံရောက်/မရောက် မသေချာပါဘူး)
ဈေးနှုန်းအနေနဲ့ကတော့ Store ရောင်းဈေး 6GB/64GB ကို မြန်မာငွေ ၅သိန်းဝန်းကျင်၊ 6GB/128GB ကို မြန်မာငွေ ၅သိန်း၈သောင်းဝန်းကျင်၊ 6GB/128GB Ceramic Body ကို ၆သိန်းဝင်းကျင် ရှိပါမယ်တဲ့။
>>> Store ရောင်းဈေးတွေဖြစ်ပါတယ်။ <<<