Samsung Galaxy S8 launcher ကို S7 နဲ့ S7 edge မှာ အသုံးပြုမယ်


အားလုံးစောင့်မျှော်နေတဲ့ Samsung ရဲ့ 2017 flagship စမတ်ဖုန်းအသစ် Galaxy S8 ကတော့ တစ်ကမ္ဘာလုံးက ပရိသတ်တွေ ရှေ့မှောက်ကို ရောက်ရှိလို့နေပါပြီ။ ဒီစမတ်ဖုန်းမှာ သစ်လွင်ပြီးလှပတဲ့ launcher အသစ်ပါဝင်လာတာကိုလည်း အားလုံး သိပြီးကြပြီဖြစ်ပါတယ်။
ဒီ launcher အသစ်ဟာ Galaxy S8 နဲ့အတူ ပါဝင်လာတာဖြစ်တဲ့အတွက် Galaxy S7 နဲ့ S7 edge အသုံးပြုသူတွေက ဒီ launcher အသစ်ကို ထည့်သွင်း အသုံးပြုလို့မရနိုင်ပါဘူး။ Samsung အနေနဲ့ တစ်ချိန်ချိန်မှာတော့ S7 ရဲ့ home screen app တွေကို update ပြုလုပ်ပေးနိုင်ချေရှိပေမယ့် အခုအချိန်မှာတော့ အချိန်အကန့်အသတ်မရှိ စောင့်ဆိုင်းရဦးမှာပါ။
Galaxy S8 ကို ဝယ်ယူဖို့ အဆင်မပြေသေးတဲ့ Samsung ပရိသတ်တွေအနေနဲ့ကလည်း လက်ရှိအသုံးပြုနေတဲ့ Galaxy S7 နဲ့ S7 edge တို့မှာ S8 ရဲ့ launcher ကို ထည့်သွင်းအသုံးပြုချင်နေကြမှာသေချာပါတယ်။ ဒါကြောင့် မိမိ လက်ရှိအသုံးပြုနေတဲ့ S7 နဲ့ S7 edge တို့မှာ S8 နဲ့ S8+ တို့ရဲ့ launcher အသစ်ကို ထည့်သွင်းအသုံးပြုနိုင်စေမယ့် နည်းလမ်းကို ဖော်ပြပေးလိုက်ပါတယ်။
ပြုလုပ်ရမယ့် နည်းလမ်းလေးကတော့ ရိုးရှင်းပါတယ် Touch Wiz ဆိုတဲ့ app လေးကို Download ချလိုက်ရုံပါပဲ။
Download ရယူပြီးရင်ပြုလုပ်ရမယ့် နည်းလမ်းအဆင့်ဆင့်ကတော့
ပထမဆုံး Unknown sources ကို enabled ပြုလုပ်ထားပါ။
Setting > Lock screen and security . Unknown sources (on) > OK
ပြီးရင် File Manager App (Solid Explorer က အသင့်တော်ဆုံး) ကိုဖွင့်ပြီး download ချထားတဲ့ folder ထဲက app ကိုဖွင့်ပြီး instalူ လုပ်ပါ။
Install လုပ်ပြီးပါက အောက်မှာပြထားတဲ့အဆင့်ဆင့်လုပ်ပါ။
Settings > Applications > 3-dot menu > Default applications > Home screen > TouchWiz home
ဒါဆိုရင်တော့ သင့်ရဲ့ ဖုန်းကို Galaxy S8 launcher နဲ့ အလှဆင်ပြီးပြီဖြစ်ပါတယ်။
Ref: Phandroid

About: MPAT Pro

Admin

Welcome From Shwe Mobile - Myeik IT

RECOMMENDED :

Blogger
Disqus
Select System Comments What You Love

Visitor